Arc 15.14

462 80 0
                                    

Unicode

ရှီရှန်းက လွီ​ရော့နှင့်သူမ၏systemက သူမမှာ spaceရှိ​နေ​ကြောင်း တွက်ဆ​နေကြသည်ကို မသိ​ပေ။

ယခုအချိန်တွင် ရှီရှန်းသည် ရှောင်​ဟေး ၏လည်ပင်းကို ဆုပ်ကိုင်ထားပြီး နောက်တစ်ကြိမ် ပြုံးပြုံးလေး မေးလိုက်သည်

"နောက်ထပ် အခွင့်အရေး တစ်ခုပေးမယ် မင်းကို ဘယ်သူက အမိန့်ပေးတာလဲ"

မကြာသေးမီကပင် ရှောင်​ဟေးတစ်​ယောက် နှိပ်စက်ခံခဲ့ရပြီး ယခု ရှီရှန်းသည် သူမ၏လည်ပင်းကို ဖြစ်ညှစ်ထားသည့်အချက်ကို ပေါင်းထည့်လိုက်ရာ သူမ၏မျက်နှာ နီမြန်းလာပြီး အသက်ရှုရခက်လာသည်။

ရှောင်​ဟေး၏ မှုန်ဝါးသော အမြင်အာရုံတွင်သူမကို လည်ပင်းညှစ်ထားသည့် အမျိုးသမီးမှာ တောက်ပသောအပြုံးနှင့် အေးဆေးသော မျက်လုံးများကို ပန်ဆင်ထားစဲဖြစ်သည်။

ရှောင်​ဟေးသည် ရှီရှန်း၏ အကြည့်ကိုတွေ့သောအခါ သူမကိုယ်သူမ ချောက်ကမ်းပါးတွင် တွယ်ကပ်နေရပြီး သတိမထားမိပါက အောက်ခြေမရှိသောချောက်ထဲသို့ ပြုတ်ကျ​တော့မလို ခံစားလိုက်ရသည်။

ရှီရှန်းသည် ​တော်၀င်အစောင့်များ၏ ဝိုင်းရံထားခြင်းကိုခံ​နေရသော်လည်း ၎င်းတို့အား လေကဲ့သို့ပင် သဘောထားကာ  သူမအား အသက်အန္တရာယ်ပေးမည်ကို လုံးဝ မကြောက်ပေ။

'သူမသေရမှာ မကြောက်ဘူးလား?'
ဒီအတွေးက ရှောင်​ဟေးရဲ့စိတ်ထဲမှာ ပေါ်လာပေမယ့် ကြာကြာဆက်မတွေးနိုင်ဘဲ ရေထဲက ငါးတစ်ကောင်လို ပါးစပ်ကိုဖွင့်ပြီး အသက်ရှူဖို့ မနဲရုန်းကန်နေရသည်။

သူမ၏ အဆုတ်အတွင်း အောက်ဆီဂျင် လျော့နည်းလာသည်။

"စိတ်မပူပါနဲ့  မင်းသေရင် မင်းရဲ့မောင်​လေးဆီကို ငါ သေချာ​ပေါက်သွား​ပေးမယ်"
ရှီရှန်းက ခေါင်းငုံ့ကာ ရက်စက်စွာပြောလိုက်သည်။

"မဖြစ်ဘူး…"

'သူက ငါ့ရဲ့ တစ်ဦးတည်းသော မိသားစုပဲ— သူ့ကို သေစေလို့ မရဘူး  လူတိုင်းက ငါ့ကို ခြိမ်းခြောက်ဖို့ သူ့ကို ဘာလို့သုံး​နေကြတာလဲ  ငါတို့က ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ရုံ​လေးပါ ဘာကြောင့် ဒီလောက်ခက်ခဲရတာလဲ'

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now