Arc 13.26

493 57 0
                                    

Unicode

သူတို့ နတ်ဆိုးဂိုဏ်းသို့ ပြန်​ရောက်ပြီးနောက် ဂိုဏ်းဝင်အများအပြား ထိတ်လန့်တကြား ပြေးလာကြတာ​ကြောင့် ရှီရှန်းမှာ အသက်ရှုရန်ပင် အခွင့်အရေး မရှိခဲ့ပေ။

"ဂိုဏ်းချုပ် ငါတို့ တိုက်ခိုက်ခံနေရတယ်!"

နတ်ဆိုးဂိုဏ်းက ဝေးလံခေါင်သီသော အရပ်တွင် တည်ရှိသည်။ systemထံမှသိရ​သော ဇာတ်ကြောင်းအပြင် သူမကိုယ်တိုင်လည်း ကြိုးစားအားထုတ်ပြီးမှသာ ဤနေရာကို ရှာ​တွေ့ခဲ့ခြင်းဖြစ်သည်။

'တစ်ယောက်ယောက်က ဒီ​နေရာကို တကယ်ကြီးရှာတွေ့ခဲ့တယ်လား...'

"သွားကြည့်ရအောင်"  ရှီရှန်းက သူမဓားကိုဆွဲထုတ်ပြီး ဂိုဏ်း​ဂိတ်၀ဆီသို့ လိုက်သွားခဲ့သည်။  ဂိတ်၀တွင် "နတ်ဆိုးဂိုဏ်း" ဟူသော စကားလုံးကို ပြီးစီး​အောင်ပင် မထွင်းထုရ​သေးပေ။

ရှီရှန်းရောက်ရှိလာချိန်တွင် ကျန့်ကျန်း သည် တစ်စုံတစ်ဦးနှင့် စကားများရန်ဖြစ်နေပြီဖြစ်သည်။
အခြားတစ်ဖက်မှာ လူရှစ်ယောက်ပဲရှိသည်။  သူတို့အားလုံးက ဆင်တူဝတ်စုံကို ၀တ်ဆင်ထားကြပြီး တိုက်ခိုက်ရန် သို့မဟုတ် ခုခံကာကွယ်ရန် အသင့်ဖြစ်နေကြသည်။

"မင်းပြောတိုင်းယုံရမှာလား  သက်သေပြစမ်း   အထောက်အထားမရှိရင် မင်းတို့တွေက နတ်ဆိုးဂိုဏ်းနဲ့ ပြဿနာရှာဖို့ ဒီကိုရောက်နေရုံသက်သက်ပဲလို့ ငါသံသယရှိတယ်"

"ကျွန်တော်တို့ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာပါ.. ဂိုဏ်းချုပ် ကျန့် ၊ သူမကို လက်လွှဲ​ပေးလိုက်ပါ ငါတို့ အချင်းချင်း ဘာမှ ပြသနာတက်စရာမလိုတော့ဘဲ ပြန်သွားနိုင်ပါတယ်"

တစ်ဖက်အဖွဲ့က ကျန့်ကျန်းထက် တည်ငြိမ်နေကြသည်။

"ဘာတွေဖြစ်နေတာလဲ?" 
ရှီရှန်းက အနောက်မှာ ရပ်နေတဲ့ ထင်ဖုန်းကို ခပ်တိုးတိုး မေးလိုက်သည်။

"ဒီလူတွေက ကျောက်စိမ်း​ရေစင်ရွာကပါ  သူတို့ ရဲ့ အကြီးဆုံးမမ​လေးကို ကျွန်​တော်တို့ကဖမ်းထားတယ်လို့ ပြော​နေကြတယ်... အဲဒါ အဓိပ္ပာယ် မရှိဘူး မဟုတ်လား?  ငါတို့ ဘယ်အချိန်တုန်းကက သူမကို ပြန်ပေးဆွဲမိလို့လဲ"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now