Arc 13.36 END

619 62 5
                                    

Unicode

လျို့ရွှီ နိုးလာပြီး ခြင်ထောင်ပေါ်က သပ်သပ်ရပ်ရပ် စီချယ်ထားတဲ့ ပန်းပွင့်ပုံစံတွေကို တွေ့လိုက်တဲ့အခါ  အနည်းငယ် မိန်း​မောသွားခဲ့သည်။

'ငါ​ဘယ်မှာလဲ  ကျိုးဇီ ဘာဖြစ်သွားတာလဲ ဒီလောက် နူးညံ့တဲ့ ကုတင်ပေါ်မှာ မအိပ်ခဲ့ရတာ ကြာပြီ...'

လျို့ရွှီ ထထိုင်လိုက်ပြီး သူမကိုယ်သူမ ဆန်းစစ်ကြည့်လိုက်သည်။  တစ်စုံတစ်ဦးသည် သူမ၏အဝတ်အစားများကို သန့်ရှင်းသောအ၀တ်အစားများအဖြစ် ပြောင်းလဲ​ပေးခဲ့ပြီး သူမ၏ဒဏ်ရာများကိုလည်း ကုသ​ပေးထားသည်။

တစ်​ယောက်​ယောက် သူမကို ကယ်ခဲ့တာလား။

လျို့ရွှီကုတင်ပေါ်က ဆင်းပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။

ချောက်!

လူပုံသဏ္ဍာန် အရိပ်တစ်ခုနှင့်အတူ အခန်းထဲသို့အလင်းရောင် ဝင်လာသည်။

လျို့ရွှီ က လန့်ဖျပ်ပြီး နောက်ပြန်ဆုတ်သွားပေမယ့် သူမရဲ့ ခြေထောက်တွေက ခွန်အားတွေ ဆုံးရှုံးသွားပြီး ရုတ်တရက် ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။

ဘီးတပ်ကုလားထိုင်နှင့် ဖူယိယွင်က သူ့လက်ထောက်ကို အခန်းထဲက ထွက်သွားဖို့ လက်ကို ဝှေ့ယမ်းလိုက်သည်။

လျို့ရွှီက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
  'ဒီလူကို ငါမမှတ်မိဘူး...'

"ရှင်ဘယ်သူလဲ?"

ဖူယိယွင်က သူ၏ ဘီးတပ်ကုလားထိုင်ကို ​ရွေ့လျား​စေလိုက်ပြီး လျို့ရွှီ ရှေ့တွင် ရပ်လိုက်သည်။

လျို့ရွှီသည် မျက်နှာဖုံးနောက်ကွယ်မှ မျက်လုံးများကို ဆုံလိုက်သောအခါတွင် အမုန်းတရားများကို မြင်လိုက်ရသည်...။

အမုန်းလား?

သူမ နောက်ပြန်ဆုတ်သွားခဲ့သည်။  သူမသည် ဖူယိ​ရွေကိုကူညီ​ပေးရင်း လူများစွာကို စော်ကားမိခဲ့သည်။  ဒီလူက သူတို့ထဲက တစ်ယောက် ဖြစ်နိုင်သည်။

"လျို့ရွှီ မင်း ငါ့ကိုတောင် မမှတ်မိတော့ဘူးလား"

လျို့ရွှီ ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now