Arc 15.6

559 84 1
                                    

Unicode

ရှီရှန်း၏ အလွန်တည်ငြိမ်သော စကားများ​ကြောင့်  ယွီ၀မ်ရှင်း၏ ခေါင်းထဲတွင် အတွေးများဖြင့် ပြည့်နှက်သွား​​စေသည်။

"ယွင်​ကွေ့​ဖေး မင်းဘာလိုချင်တာလဲ"

"ရှင် ကျွန်မကို ဘာလုပ်ဖို့ ကြံစည်ထားတာလဲ ကျွန်မက ရှင့်ကို လွှတ်​ပေးမယ်လို့များ ထင်နေတာလား"

ရှီရှန်းသည် ယွီ၀မ်ရှင်းကို ဓားဖြင့် ဖိအားအနည်းငယ်ပေးလိုက်သည်။

အေးခဲနေသောဓါးသွားက သူ့အရေပြားကို ဖိလိုက်သည်နှင့် အအေးဓာတ်က ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။  လမရှိသော ဆောင်းညတွင် အေးစိမ့်သောရေထဲသို့ တွန်းချခံရသကဲ့သို့ပင်— သူ့ အရိုးများ အေးခဲသွားပုံရသည်။

ယွီ၀မ်ရှင်းသည်  ဤတစ်ကြိမ်​တော့ သူ့ကိုယ်သူ သေခါနီး​နေသလို  ခံစားလိုက်ရသည်။

ရှီရှန်းက သူ့ကိုနောက်ထပ်ဖိအားမပေးတော့​ပေ။  ယွီ၀မ်ရှင်း၏ ခန္ဓာကိုယ်မှ တွန်းကန်အားကို သူမ ခံစားမိသည်။  အကယ်၍ သူမသာထပ်၍ တွန်းအားပေးရန် ကြိုးစားပါက 'ဇာတ်လိုက်​ကောင်​ရောင်၀ါ' ​ကြောင့် ဒုက္ခ​ရောက်မည်မှာ အ​သေချာပင်။

ထိုအခါ သူမလည်း  စတိုင်ထုတ်လို့မရ​တော့ပဲ အံ့မခန်းကျရှုံးခြင်းရဲ့ စံပြနမူနာအဖြစ် ပြောင်းလဲသွား​ပေလိမ့်မည်။

ရှီရှန်းက သူမမေးစေ့ကို စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးဆီသို့ ညွှန်ပြလိုက်သည်။

"အဲ့ဒါကိုသောက်"

'နင့်ဆေး နင်ပြန်သောက်'

"ယွင်​ကွေ့​ဖေး ကိုယ်​တော်က ဘုရင်တစ်ပါးပဲ  မင်း ကိုယ်​တော့်ကို ဒီလို ဆက်ဆံရဲလား ?!"

သူသည် ဆေးကို လက်ဖက်ရည်ထဲခပ်ရန် အမိန့်ပေးခဲ့သူမို့ အထဲမှာ ဘာတွေပါနေ​ကြောင်း မသိတာမဖြစ်နိုင်​ပေ။  ဤ​ဆေးကို သူလုံး၀ မသောက်နိုင်​ပေ။

'ဒီမိန်းမကို ကိုတွယ်ရခက်မယ်မှန်းသာ ကြိုသိရင် ငါ့လူတွေကို ထွက်သွားဖို့ ပြောခဲ့မှာ မဟုတ်ဘူး'

"အရှင်မင်းကြီး ဘာပြောနေတာလဲ ကျွန်မက ရှင့်ကို လက်ဖက်ရည်တစ်ခွက်လောက် ပေးချင်ရုံပါ"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now