Arc 14.25

2.9K 427 1
                                    

Unicode

နှစ်​ယောက်သားနောက်တစ်ကြိမ်ထပ်လုပ်ပြီးတဲ့အခါမှာ ရှီရှန်းက အပြန်ပြည့်ဖို့ဝိညဥ်စွမ်းအင်သုံးထားရာကနေ တစ်ဖန်ပြန်လည် မောပန်းသွားတယ်
'ရှင့်ကို သားရဲတစ်ကောင်လို့ခေါ်ကြတာမထူးဆန်းတော့ပါဘူးလေ တစ်ကယ်လဲသားရဲတစ်ကောင်ပဲကို'
"ကျွန်မရှင့်ကို ပြောထားမယ်နော် ရှင်နဲ့တစ်ခါလုပ်တိုင်း ကျွန်မ ငွေဆယ်သန်းပေးမှာမဟုတ်ဘူး ဒါပေမဲ့အနာဂတ်မှာတော့ ရှင်နဲ့တစ်ခါလုပ်တိုင်း ကျွန်မရှင့်အပေါ်မှာ စိတ်ဝင်စားမှုများလာမှာပဲ
ရှင်ကျွန်မကို သန်းတစ်ရာပေးရမယ်"
"ရတယ်လေ"
သူမလိုချင်တာမှန်သမျှ သူပေးမှာပဲ
ချင်ကောက ကပ်စေးနည်းတဲ့သူမဟုတ်ဘူး သူမကသူ့ကိုပိုက်ဆံပေးရင်လည်း လက်ခံမှာပဲ သူကဂုဏ်တောင်ယူနေသေးတယ် သူ့ခန္ဓာကိုယ်နဲ့ ပိုက်ဆံရှာတာလေ...... အခြားသူတွေရော လုပ်ချုင်ပါတယ်ဆို လုပ်လို့ရလို့လား?
ရှီရှန်းရဲ့ အခြေအနေကို စဥ်းစားမိတဲ့အခါမှာ ချင်ကောက အတော်လေး ဖိအားများလာတယ်
'တစ်ခါလုပ်ဖို့ကိုတောင် သန်းတစ်ရာတဲ့.....ငါငွေဘယ်လောက်တောင်ရှာရမှာပါလိမ့်'
ရှီရှန်းက ချင်ကောကို ကဒ်တစ်ကဒ်ကမ်းပေးလိုက်တယ်ပြီးတော့ နတ်ဘုရားတိုင်းကွန်းရဲ့ ပုံစံနဲ့ပြောလိုက်တယ်
" ဘေဘီ သုံးချင်သလောက်သာသုံးလိုက်"
ချင်ကောကရယ်ပြီး ကဒ်ကိုယူလိုပ်တယ်
'သူအရင်တုန်းကငါ့ကို သိမ်းပိုက်မယ်လို့ပြောဖူးတယ်နေယ် အတည်ကြီးဖြစ်သွားမယ်လို့မထင်ထားဘူး'
ရှီရှန်းနဲ့ ချင်ကော ဟိုတယ်ကနေထွက်လာတဲ့အခါမှာ ထျန်းကျင်းချန်နဲ့ချောင်ချန်းချန်းကို သူတို့တွေ့လိုက်ရတယ်
သူတို့နှစ်ယောက်က ကောင်တာမှာရပ်နေ့ပြီးတော့ သိပ်ပြီးပျော်ရွှင်နေတဲ့ပုံတော့မပေါက်ဘူး
ရှီရှန်းရဲ့ လက်တွေက ချင်ကောရဲ့လက်မောင်းကို ချိတ်ထားတာကိုသူမြင်ရတဲ့အခါမှာ ချောင်ချန်းချန်းရဲ့မျက်နှာက ပိုပြီးတော့တောင် စိတ်ပျက်သွားတယ် ရှီရှန်းကလည်းဒါကို ဖုံးကွယ်ဖို့မကြိုးစားဘူး
ချောင်ချန်းချန်းရဲ့ မနာလိုမုန်းတီးမှုတွေက ပိုပြီးတော့တောင်ကြီးထွားလာတယ်
သူမဒီမြင်ကွင်းကို ရှောင်ချင်တာကြောင့် ဟိုတယ်ကနေမြန်မြန်ထွက်သွားတယ်
'နိုင်ငံကနေ မထွက်သွားခင်လည်း နည်းနည်းလောက်တော့ ပျော်သွားပါဦး..စိတိမကောင်းစရာကတော့ ဒါက ကလေးတစ်ယောက်ရှိနေတဲ့ CEO အချစ်ဇာတ်လမ်းမဟုတ်ဘူး'
"ရှင်နဲ့ ချောင်ချန်းချန်း ဘာတွေဖြစ်ခဲ့တာလဲ"
ရှီရှန်းက ချင်ကောကို ဆူပုတ်ပြီးရစ်တော့တယ် သူမဒီကိစ္စကို မေ့မသွားဘူး
"ကိုယ်တို့ငယ်ငယ်တုန်းက နေတဲ့
မိဘမဲ့ဂေဟာက အတူတူပဲ"
ချင်ကောက ပေါ့ပေါ့ပါးပါးပဲပြန်ဖြေတယ်
"စိတ်မပူပါနဲ့ ကိုယ်တို့ကြားမှာ ဘာမှ မရှိပါဘူး မင်းနဲ့မတွေ့ခင်အချိန်အထိ ကိုယ်ဘယ်မိန်းကလေးကိုမှ မရှုပ်ဖူးပါဘူး"
သူ့လေသံမှာ တစ်ခုခုကိုဖော်ပြချင်နေတဲ့ စကားလုံးတွေပါနေတယ်
'မိဘမဲ့ဂေဟာ..?? ငါသိတဲ့အချက်အလက်တွေထဲမှာ သူက မိဘမဲ့ဆိုတာ မပါ....'
"မင်းဘာတွေ တွေးနေတာလဲ"
ချင်ကောက သူမခေါင်းလေးကိုပုတ်ပေးလိုက်တယ်
"ကိုယ်ကတစ်ကယ် ချင်အိမ်တော်ရဲ့ အငယ်ဆုံးသခင်လေးပါ အခုလက်ရှိ အကြီးအကဲကတော့ ကိုယ့်အဖေမဟုတ်တော့ဘူးပေါ့"
ချင်ကောက ငယ်ငယ်တုန်းက လမ်းပျောက်သွားပြီးတော့ နှလုံးသားရှိတဲ့ သူတစ်ဦးက သူ့ကိုမိဘမဲ့ဂေဟာကို ပို့ပေးခဲ့တာဖြစ်တယ် ပြီးတော့သူ့မိသားစုက သူ့ကိုပြန်တွေ့ခဲ့ပါတယ်
"ချင်ရှင်းက ရှင့်ရဲ့ ညီမအရင်းမဟုတ်ဘူးပေါ့"
"ဒါပေါ့မဟုတ်ဘူးလေ..... ကိုယ်နဲ့က အသိလောက်ပဲ"
'အရင်းဆိုရင် ကိုယ့်ကို လိုက်ပါ့မလား ငါ့ဇနီးလေးက ဘာတွေတွေးနေတာလဲ
အင်းလေ ..... သူနဲ့ကိုယ်က မောင်နှမအရင်းမဟုတ်ပေမယ့် အမျိုးတော့ တော်တာပေါ့.....မျိုးဆက်သုံးဆက်အကွာက အမျိုးတော်တယ်'
"တော်တော် ထူးဆန်းတာပဲ"
'အဲ့မိန်းမက အတော်လေးတော့ ရဲတာပဲ ကိုယ်နဲ့အမျိုးတော်တဲ့သူကိုတောင် ကြိုက်ရဲတယ်'
"ချင်အိမ်တော်ကအတော်လေးရှုပ်တယ်....အထူးသဖြင့် ဒီလိုကိစ္စတွေ...."
ချင်ကောက ဆက်မပြောတော့ဘူး
သူမကိုမပြောပြနိုင်တဲ့ သူကြုံတွေ့ရခဲ့တဲ့ အမှောင်တရားတွေ ရှိခဲ့ဖူးတယ်
ရှီရှန်းကို အိပ်ဆောင်ပြန်ပို့ပြီးတော့ သူစီစဥ်စရာရှိသေးလို့ဆိုပြီး ကျောင်းပြန်သွားတယ်
ပတ်ဝန်းကျင်မှာ လူသိပ်မရှိတာကြောင့် ရှီရှန်းက ချင်ကောရဲ့ပါးကို ခြေဖျားထောက်နမ်းပြီး အဆောင်ထဲကို ပြေးဝင်သွားတယ် ပြီးတော့ အိပ်ဖို့လုပ်တယ်
ချင်ကောကနားမလည်ဘူး
'သူဘာလို့ကျောင်းတတ်နေသေးတာလဲ'
ဒါပေမဲ့ နာရီအနည်းငယ်အကြာမှာ သူတို့နဲ့ပတ်သတ်တဲ့ ပိုစ့်တစ်ခု အတင်ခံရမယ်လို့ နှစ်ယောက်လုံးမထက်ထားခဲ့ဘူး
"ဂျူနီယာ ချောင်ချူး အခုအချိန်ထိ အိပ်နေနိုင်သေးတာလား"
သူမရဲ့စီနီယာက ဖိုင်တွဲတွေကို စားပွဲပေါ်တင်လိုက်ပြီးတော့ သူမဖုန်းကိုကိုင်ပြီး screenကိုပြလိုက်တယ်
"ဒါမင်းမလား? မင်းအခု ပါမောက္ခ ချင်နဲ့တွဲနေတာလား"
ဖုန်းရဲ့ screenကအတော်လေး လင်းနေတာကြောင့်ရှီရှန်းက ခနနေမှ မြင်ရတယ် ဒါကျောင်းရဲ့သတင်းစာမျက်နှာ ပေချ့်ပဲ...
[အရည်အချင်းတွေအများကြီးရှိနေတဲ့ ပါမောက္ခက ကျောင်းသူတစ်ယောက်နဲ့ ဟိုတယ်တစ်ခုကို သွားနေတယ်,
ဒါက သိက္ခာမရှိတာလား, လျို့ဝှက်ကြံစည်တာလား]
အဲဒီစာရဲ့အောက်မှာ နှစ်ယောက်သားအတူရှိနေပြီး လက်ကိုင်ထားပြီး ချင်ကောကို နမ်းနေတဲ့ပုံကို တင်ထားတယ်
" လုပ်ဦး ချောင်ချူး တစ်ခုခုပြောဦး...တစ်ကျောင်းလုံးက ဒီအကြောင်းပဲပြောနေကြပြီ"
ချင်ကောကအသက်မကြီးသေးပေမယ့် သူက ပါမောက္ခတစ်ယောက်ဖြစ်နေတုန်းပဲ သူ့ကျောင်းသူတွေထဲက တစ်ယောက်နဲ့ rsချိတ်ဖို့ဆိုတာ မဖြစ်သင့်ဘူး
"အင်းဟုတ်တယ် ကျွန်မတို့အခုတွဲနေတာ"
ရှီရှန်းက ခေါင်းညိတ်ပြတယ်
"မင်းတစ်ကယ်ကြီး ပါမောက္ခချင်ကို
သိမ်းပိုက်သွားတာလား"
စီနီယာက အံသြနေတယ်
ရှီရှန်းက အိပ်ရာပေါ်ကနေထလာတယ်
"သိပ်လည်းမခက်ခဲပါဘူး သူ့ကို မြူဆွယ်လိုက်ရုံပဲလေ"
စီနီယာ"......"
'အေး...နင်အခုအဲတာတွေကြောင့် နာမ်မည်ကြီးနေပြီ'
ရှီရှန်းက ထိုင်ခုံတစ်ခုံကို ဆွဲလိုက်ပြီး သူမလက်တော့ကို ဖွင့်လိုက်တယ်
အဲဒီပိုစ့်က အမည်မသိတဲ့လူတစ်ယောက်ရဲ့ အကော​င့်ကနေ တင်ထားတာဖြစ်ပြီးတော့ IPက အင်တာနက်ဆိုင်က ဖြစ်နေတယ်....သူတို့ကအမည်မပေါ်အောင် အတော်လေးကြိုးစားထားပုံပဲ
ေကျာင်းကလည်း ချင်ကောရဲ့ ဆိုင်ငံခံထရတာကို မကြေငြာသေးတာကြောင့် မနာလိုမှုတွေ သဝန်တိုမှုတွေ နဲ့ ကျောင်းသူတွေက သူတို့ကို သိက္ခာမရှိဘူးဆိုပြီး အပုတ်ချကြတော့တယ်
ရှီရှန်းက ကီးဘုတ်ပေါ်မှာ စာအနည်းငယ်ရိုက်နေပြီးခနအကြာမှာ ပို့စ်ပျက်သွားတာကို စီနီယာက သိလိုက်ရတယ်
"အမ်....ဘာလို့ပျောက်သွားတာလဲ"
"ကျွန်မအဲတာကို ဖျက်ဖို့ admin အကောင့်ကို ဟက်လိုက်တာ"
စီနီယာ"....."
'ဝိုး...ဂျူနီယာလေး'
"ချောင်ချူး ဘယ်သွားဦးမှာလဲ"
သူမထိုင်ခုံကနေထပြီး တံခါးနားကို လျှောက်သွားတာကြောင့် စီနီယာက မေးလိုက်တယ်
" ကျွန်မလူကို သွားနှစ်သိမ့်ပေးမို့လေ"
ရှီရှန်းက နောက်လှည့်မကြည့်ပဲ ဖြေတယ်
စီနီယာ"....."
'အနှစ်သိမ့်ခံထိုက်တဲ့သူက နင်မဟုတ်ဘူးလား'
အခန်းကနေထွက်လာပြီးတဲ့နောက်မှာရှီရှန်းက ကျောင်းအုပ်ကြီးရုံးခန်းကို တန်းသွားတယ်  ချင်ကောလည်းအဲ့မှာရှိနေလောက်တယ်
ဒီပိုစ့်က အဲ့ကadminတင်ထားတာကြောင့် ကျောင်းကလူတိုင်း ဒါကိုမြင်ကြမှာပဲ
သူမရောက်လာတာနဲ့ လူအချို့ကသူမကို စိုက်ကြည့်နေကြတယ်
"အဲ့ဟာမကသာ ငာတို့ပါမောက္ခကို မြူဆွယ်ခဲ့တာလို့ ငါကျိန်ပြောရဲတယ်"
"ဘာကိစ္စ ပါမောက္ခလိုထူးချွန်တဲ့သူက သူ့လိုမလောက်လေးမလောက်စကို ကြိုက်ရမှာလဲ အဆင်နိမ့်တဲ့အကွက်တွေ သုံးရဲလိုက်တာ....."
ကြည့်ရ​တာ အဲ့ပိုစ့်ကပေါက်သွားပုံပဲ သူမအတော်လေးကျော်ကြားနေပြီ
"ချောင်ချူး!"
အော်သံက တစ်အုပ်စုလုံးဆွေးနွေးနေတာကို ရပ်တန့်သွားစေတယ် ဒါကြောင့် လူတိုင်းက အသံလာရာကို လှည့်ကြည့်တယ်
ချောင်မူက ဒေါသတစ်ကြီးရှီရှန်းဆီကို ပြေးလာပြီးတော့ အော်ကြီးဟစ်ကျယ်ပြောတယ်
"ငါနဲ့ပြန်လိုက်ခဲ့စမ်း!!"
ရှီရှန်းက မျက်ခုံးတွန့်သွားတယ်
"ကျွန်မအလုပ်များနေတယ်"
'သူက ဘယ်လိုလုပ်ပြီးသိသွားတာလဲ ငါ့ကျောင်းစာပေ့ချ့်ကို ေလျှာက်ကြည့်နေရအောင်ကို အားနေတာလားမသိဘူး'
"နင်က ဘာတွေခုထိအလုပ်ရှုပ်နေတာလဲ ဟိုပါမောက္ခကို အီဆီကလီလုပ်ဖို့လား"
ချောင်မူက ဒါဂုဏ်ယူစရာကောင်းတဲ့အရာမှန်း မဟုတ်တာသိလို့ လေသံလျော့လိုက်တယ်
"ဟုတ်တယ် ကျွန်မသူ့ကို မြူဆွယ်လိုက်တာ..... ရှင်းလား... ဘာလဲလုပ်လို့မရဘူးလား ဘာကိစ္စမရရမှာလဲ ရှင်တောင် ကျွန်မအဖေနဲ့ အီဆီကလီမရိုက်ခဲ့လို့လား သူနဲ့အတူတူနေခဲ့လို့သာ ရှင့်ယောကျ်ားဖြစ်လာတာလေ မဟုတ်လို့လား?"
ရှီရှန်း ဒေါသထွက်လာချိန်မှာ ဘယ်သူမှတားလို့မရတော့ဘူး
သူမပြောတဲ့စကားကို ယဥ်ကျေးတဲ့စကားလုံးနဲ့အနေနဲ့သုံးမယ်ဆို 'ချစ်လို့လိုက်တာပေါ့' ဒါပေမဲ့ မြူဆွယ်တယ်ဆိုတဲ်အဓိပ္ပါယ်ပဲလေ
ချောင်မူက ဒေါသထွက်သွားပြန်တယ်
"ချောင်ချူး ဒါကနင်အကြီးကို ပြောရမယ့်စကားလား. ,ညည်းက အခုမှ ကျောင်းသူအဆင့်ပဲရှိသေးတာ ပါမောက္ခနဲ့ဖြစ်နေစရာလား အခြားလူတွေ နင်ကိုဘယ်လို တွေးမလဲစဥ်းစားလေ ငါတို့ချောင်မိသားစုကို အတော်သိက္ခာချတာပဲ"
"ပြောလို့ပြီးပြီလား"
ရှီရှန်းရဲ့အမူအယာက တည်ငြိမ်နေတယိ
"ပြီးရင်လည်းဖယ်ဟေး...ရှေ့မှာပိတ်မနေနဲ့"
"ချောင်ချူး"
ချောင်မူက ရှီရှန်းရဲ့လက်ကိုဆွဲလိုက်တယိ
"ခုချက်ချင်း ညည်းငါနဲ့ပြန်လိုက်စမ်း!"
ချောင်ချူးက သူမလက်ကိုခါချလိုက်ပေမယ့် ချောင်မူက
သူမကို ပါးရိုက်လိုက်လိမ့်မယ်လို့ မထင်ထားဘူး
သူဘေးကို ရှောင်လိုက်တယ် ဒါကြောင့် ပါးကိုမထိဘဲ ပခုံးကို ထိသွားတယ်
အသံအကျယ်ကြီးမြည်သွားတယ်
"ချူးချူး အဆင်ပြေရဲ့လား"
ချန်းရှီက တစ်နေရာကာကနေထွက်လာတယ်
ရှီရှန်းက ချောင်မူကို အေးစက်စွာကြည့်နေတယ်
'ငါ့ဓား ဘယ်မှာလဲ'
ချောင်မူက ရှီရှန်းရဲ့ အကြည့်တွေကို ရင်ဆိုင်ရတဲ့အခါမှာ လန့်သွားတယ်
'ငါကသူ့အမေ....သူငါ့ကိုဘာမှမလုပ်ရဲလောက်ဘူး'
ဒီအတွေးက ချောင်မူကို ယုံကြည်မှုရှိသွားစေတယ်
"ချောင်ချူး ညည်းအကြည့်က ဘာသဘောလဲ?! နင့်မအေကို နင်ပြန်ရိုက်ချင်နေတာလို့တော့ လာမပြောနဲ့'
"ရိုက်ရမယ်?!"
ရှီရှန်းက လှောင်ရယ်တဲ့အပြုံးနဲ့ပြောလိုက်တယ်
" တန်လို့လား"
ချောင်မူရဲ့ မျက်နှာက ခံစားချက်ပေါင်းစုံဖြစ်ပေါ်လာတာကို သိသာစေတယ် တစ်ခုက ဒေါသထွက်ပြီး နောက်တစ်ခုကတော့ မုန်းတီးနေတာပဲ
.........

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now