Arc 12.38

3.1K 509 5
                                    

Unicode

ရှန်းယန် ကိုသူမတွေ့တဲ့အချိန်မှာသူသေနေပြီ သူက သူ့ကိုယ်သူသတ်သေခဲ့ပုံရတယ်
သူက ရှန်းရှရဲ့ မိဘ​တွေအတွက် နောင်တရတဲ့အ​ကြောင်း သွေးနဲ့ရေးထားတဲ့ စာတစ်စောင်ချန်ခဲ့တယ်

'သူတို့ကဖြင့်သေနေသွားပြီ နောင်တရ​နေလို့ ဘာအကျိုးရှိလဲ'

လူသားတွေရဲ့နှလုံးသားဟာအမြဲတမ်းတစ်ကိုယ်ကောင်းဆန်ပြီးလောဘကြီးကြတယ်

ယွိကျိုက ရှီရှန်းနဲ့ခွဲခွာပြီးကတည်းက ပြန်မလာခဲ့ဘူး
ဖုန်းခေါ်ဆိုမှုမရှိ၊ မက်ဆေ့ခ်ျမရှိ၊ ဘာမျှမရှိ

နေ့စဉ်နှင့်အမျှ ရှီရှန်းက သူမရဲ့ ကုမ္ပဏီကိစ္စ​တွေနဲ့ လုံးပန်း​နေပြီး ယွိကျို ကိုလုံးဝစိတ်မ ၀င်စားသလိုဖြစ်နေတယ်
နောက်တစ်ကြိမ် သူမသည် ရှန့်ကျားရင်း ကိုကျောက်လောင်းကစားလေလံပွဲတစ်ခုမှာတွေ့တယ် ရှီရှန်းက ယောင်ချင် နှင့်အတူလာခဲ့တာဖြစ်တယ်

လူတစ်ယောက်က ရှန့်ကျားရင်း ဘေးမှာရပ်နေတယ် သူမကိုဒီနေရာတစ်ဝိုက်ခေါ်ဆောင်လာစဉ် သူ့ရဲ့လက်မောင်းကို သူမနှင့်ရင်းနှီးစွာချိတ်ထားခဲ့တယ် ရှန့်ကျားရင်းကရံဖန်ရံခါ စကားအနည်းငယ်ပြောတတ်ပြီး အဲ့ဒီလူက သတ္တုအပိုင်းအစအနည်းငယ်ကိုရွေး​လေတယ်

ကောလဟာလသတင်း​တွေအရ ရှန့်ကျားရင်းရဲ့ကုမ္ပဏီကို ၀ယ်ယူခဲ့တဲ့လူဖြစ်နိုင်တယ်
ရှန့်ကျားရင်းက အမျိုးသားဇာတ်လိုက်ရဲ့ အကွာအကွယ်မပါဘဲ မူလဇာတ်ကွက်မှာ ဘယ်လောက်ပဲ အနိုင်ယူနိုင်ခဲ့ပါစေ အခုချိန်မှာ​တော့ သူမက အတောင်ကျိုးနေသောငှက်တစ်ကောင်သာဖြစ်​လေတယ်

"ရှန်းရှ ငါ့ကိုတစ်ခုရွေးပေးပါ" ယောင်ချင်က ရှီရှန်းရဲ့ လက်ကိုခါလိုက်တယ်

"အင်? နင်ဘာကြိုက်လဲ?" ရှီရှန်းက ပြုံးပြီး ​မေးလိုက်တယ်

ယောင်ချင်ကစ​နောက်​လေတယ်  "CEO ရှန်း ရှင်က ဒီ​နေရာကို ငါတို့လိုချင်တာကို ရွေးလို့ရတဲ့စားသောက်ဆိုင်လို့ထင်​နေလား"

"ဟုတ်ပါပြီ... နင်လိုချင်တာမှန်သမျှ ငါပေးနိုင်တယ် "

ယောင်ချင်  "…"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now