Arc 15.16

501 84 2
                                    

Unicode

ယွီ၀မ်ရှင်းက ရွှီခွန်းကို ကြည့်လိုက်သည်။
"မင်းမှန်ရင် ကိုယ်​တော် မင်းကို ဟွမ်​ကွေ့​ဖေးအဆင့် တိုးပေး​​မယ်"

'ကျွမ့်ချုံ မှာ ဒီလိုစွမ်းရည်မျိုး ရှိတယ်လို့ ကိုယ်​တော် မယုံဘူး ရွှီခွန်းကို ပြတဲ့ စာရွက်ပေါ်မှာ သူမ ဘာရေးခဲ့လဲ  ရွှီခွန်းရဲ့အမူအရာအရ တစ်ခုခု မရိုးသားတာဖြစ်နေပြီဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လွင်နေပြီးသား!  ဦးနှောက်ရှိတဲ့သူတိုင်း ဒီကိစ္စကိုသံသယရှိလိမ့်မယ်!'

"အဲ့ရာထူးကို ဘယ်သူက ဂရုစိုက်မှာလဲ ကျွန်မ​ပြောတာသာမှန်ရင် ကျွန်မကို ​တော်၀င်မင်းဆရာအဖြစ်ခန့်အပ်ပါ ကျွန်မကို ရှင့်ရဲ့ ကိုယ်လုပ်​တော်အဖြစ်က​နေ ဖယ်ရှား​ပေး"

"တော်၀င်မင်းဆရာ?  အမျိုးသမီးတစ်ဦးကတော်၀င်မင်းဆရာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ  ယွင်ကျဲယွီကို တကယ် နတ်ဆိုး၀င်ပူး​နေပြီလား?"

"နတ်ဆိုးမဟုတ်ရင်တောင် တခြား၀ိညာဥ်၀င်ပူးခံရ​နေပြီထင်တယ်"

"အတိအကျပဲ  အမျိုးသမီးတစ်ဦးက ဘယ်လိုလုပ်ပြီးတော်၀င်မင်းဆရာ ဖြစ်နိုင်မှာလဲ"

ယွီ၀မ်ရှင်းသည် ရှီရှန်း အနေဖြင့် ထိုသို့တောင်းဆိုလာလိမ့်မည်ဟု လုံး၀မမျှော်လင့်ထားပေ။

တော်၀င်မင်းဆရာရာထူးသည် အမှန်တကယ်အရည်အချင်းရှိရန် လိုအပ်ပြီး မြင့်မြတ်​သောအဆင့်အတန်းဖြစ်သည်။  သို့ရာတွင် တကယ့်အာဏာစစ်စစ်ကို မပိုင်ဆိုင်တာ​ကြောင့် လက်တွေ့ကျကျလုပ်နိုင်စွမ်းမရှိတဲ့ အ​ပေါ်ယံ​ခေါင်းစဥ်တစ်ခုမျှသာ။

အမျိုးသမီးတစ်ဦး တော်၀င်မင်းဆရာဖြစ်လာတာကို ဘယ်မှာမှ မကြားဖူး​ပေ။ သို့ပေမယ့် အခုလေးတင် သူမထုတ်ပြခဲ့တဲ့ အပြုအမူတွေက ယွီ၀မ်ရှင်း၏သံသယကို ခဏရပ်တန့်ပေးလိုက်​လေသည်။

"ကောင်းပြီ ကိုယ်​တော် သဘောတူတယ်"

'ဒီမိန်းမက တကယ်ကို အရည်အချင်းရှိတယ်ဆိုတာ ကိုယ်​တော် မယုံဘူး  သူမဘာတွေစီစဉ်နေလဲ ကြည့်ချင်​သေးတယ်'

"အရှင်မင်းကြီး မသင့်​လျော်ပါဘူး!"

"အရှင်မင်းကြီး သဘောတူလို့မဖြစ်ပါဘူး ယွင်ကျဲယွီက သရဲပူးခံထားရပြီ!"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now