Arc 13.24

533 63 0
                                    

Unicode

​နောက်​နေ့မနက် ပိုင်​လော့အိပ်ရာနိုး​တော့ အခန်းက ဗလာဖြစ်နေ​လေပြီ။
ပါးလွှာသော စောင်တစ်ထည်ကို သူမပေါ်တွင် လွှမ်းတင်ထားသည်။  ပိုင်​လော့က ​စောင်အစွန်းကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး မျက်နှာတွင် အပြုံးတစ်ပွင့်​ပေါ်လာ​​လေ၏။
'ဂိုဏ်းချုပ်က သူမရဲ့ အေး​အေးစက်စက် အမူအရာ​အောက်မှာ နွေးထွေးတတ်တဲ့နှလုံးသားကိုဖွက်ထားတာပဲ'

ထို့နောက် သူမ အောက်ထပ်သို့မဆင်းမီ အရာအားလုံးကို သေသေချာချာ သိမ်းဆည်းလိုက်သည်။ ထင်ဖုန်း  နှင့် ဂိုဏ်းသားအချို့ စားသောက်ပြီးဖြစ်​သော်လည်း   သူမ လှေကားမှ ဆင်းလာသည်ကို မြင်​သောအခါ   ချက်ချင်းပင် သူမကို ထိုင်ခုံပေးကြသည်။

ပိုင်​​လော့က သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး သူမသိလိုသည်ကို ​မေးလိုက်​လေသည်။ 
"ဂိုဏ်းချုပ် ဘယ်မှာလဲ"

"အယ်?  သူ့အခန်းထဲမှာ မရှိဘူးလား" 

ဂိုဏ်းသားများ အံ့သြသွားကြသည်။ 
သူတို့​အောက်ထပ်ဆင်းလာချိန်တွင် တည်းခိုခန်း​တောင် မဖွင့်သေး​ပေမယ့်  ဂိုဏ်းချုပ် ထွက်သွားတာကို မတွေ့ခဲ့ရပေ။

ပိုင်​လော့က ခေါင်းခါလိုက်သည်။

"ကိစ္စမရှိပါဘူး ဂိုဏ်းချုပ်မှာ  ကိစ္စတစ်ခုခု ရှိလို့​နေမှာ​ပေါ့ "

"ဟုတ်တယ်ဟုတ်တယ်  ဂိုဏ်းချုပ်က သန်မာပါတယ်၊ စိတ်ပူစရာမလိုဘူး "
မကြာခင်မှာပဲ သူတို့ စကား၀ိုင်းခေါင်းစဉ်ပြောင်းသွားကြသည်။

ကျန့်ကျန်းကအောက်ထပ်သို့ဆင်းလာပြီး ရှီရှန်းကိုမတွေ့သောအခါတွင် ပုပ်သိုး​နေ​သော အမူအရာဖြင့် အပေါ်ထပ်သို့ပြန်တက်သွား​လေသည်။

လူတိုင်းက သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။ 

'ဂိုဏ်းချုပ်ရဲ့ပုံစံက မိန်းက​လေး၀ူကျန်းကို ပိုးဖို့ မဖြစ်နိုင်ဘူး'

.....

ရှီရှန်းလမ်းလျှောက်ရာမှပြန်လာပြီးနောက် ပိုင်​လော့ပျောက်ဆုံး​နေ​ကြောင်းကို သူမတွေ့ရှိခဲ့ရပြီး  တခြားသူတွေကို မေးတဲ့အခါမှာလည်း မ​ရေမရာဖြစ်နေကြသည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now