Arc 15.7

528 79 2
                                    

Unicode

ဤပြန်စာသည် ကျွမ့်အိမ်​တော် နှင့် ယွီ၀မ်ရှင်း၏လက်ထဲသို့ ရောက်သွားရုံသာမက အခြားတစ်ယောက်ဆီသို့လည်း ​ရောက်သွားခဲ့သည်။

အဖြူရောင်ဝတ်ထားသူတစ်ဦးက  ပြတင်းပေါက်တစ်ခုရှေ့တွင် ရပ်နေပြီး သူ့သွင်ပြင်က ​ကျောက်စိမ်း​သစ်ပင်နှယ် တင့်တယ်လှ၏။ မှင်နှင့်တူသော ဆံနွယ်တစ်၀က်ကို အဖြူရောင် ကျောက်စိမ်းမကိုဋ်သဏ္ဍာန်ထုံးဖွဲ့ထားပြီးကျန်တစ်ဝက်ကို သူ့ကျောအောက်သို့ လွတ်လွတ်လပ်လပ် ဖြန့်ချထားသည်။

သူက စာတစ်စောင်ကို ချလိုက်သည်။ 

"ဒီ ကျွမ့်ချုံ က တော်တော်​​လေးစိတ်ဝင်စားဖို့ကောင်းတာပဲ"  သူ့အသံထဲတွင် ရယ်သံတစ်ခုထွက်ပေါ်လာသည်။

"ဘယ်လိုလုပ်ပြီး​တော့လဲ?  သူမက ကိုယ့်သေလမ်းကို ရှာနေတာပဲ မဟုတ်ဖူးလား အရှင်"
သူ့ကိုစောင့်နေတဲ့ လူငယ်လေးက ခေါင်းကုတ်လိုက်သည်။

"ယွီ၀မ်ရှင်း က သူမကို မထိရဲပါဘူး"  ထိုလူလှည့်ကြည့်လိုက်​သောအခါ သူ၏ထူးခြားလှသော အသွင်အပြင်ကို ရှင်းလင်းစွာမြင်လိုက်ရသည်။

သူ၏ နှုတ်ခမ်းများက ပြုံး​နေသယောင်ရှိ​နေကြပြီး မက်မွန်ပွင့်ပုံ မျက်၀န်းများသည် နွေးထွေးမှုများနှင့် ပြည့်နှက်နေပြီး စိုက်ကြည့်လိုက်သောအခါ နွေဦးလေနုအေး​လေး ဖြတ်သွားသကဲ့သို့ ခံစားရ​စေသည် ။

သူ့အ​ပေါ် လူတိုင်း၏ ပထမဆုံး အထင်အမြင်မှာ  အလွန်နူးညံ့သိမ်မွေ့သူတစ်ဦးဖြစ်ပြီး နူးညံ့သိမ်မွေ့လွန်းသဖြင့် သူတို့ရဲ့ အားလုံးကို သူ့ထံ ကမ်းလှမ်းချင်နေ​ပေလိမ့်မည်။

လူငယ်လေးသည် နှစ်ပေါင်းများစွာ အတူလိုက်ပါခဲ့ပြီးဖြစ်သော်လည်း သူ့သခင်၏ အသွင်အပြင်ကြောင့် အမြဲတမ်း အံ့အားသင့်နေခဲ့ရသည်။

  "အရှင်၊ ဧကရာဇ်က ကျွမ့်အိမ်​တော် ကို ဘာလို့ အရမ်းကြောက်နေရတာလဲ"

"ငါလည်း မသိဘူး"
ထိုသူက  သူ့​မေး​စေ့များကို လက်နဲ့ထိလိုက်သည်။

ကောင်လေး"…"
'ဒါဆို အရှင်ကဘာလို့ အရမ်းသေချာနေတာလဲ'

......

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now