Arc 13.25

478 65 0
                                    


Unicode

ရှန့်ရှင်းဟိုင်သည် မိန်းက​လေး၂​ယောက်ကို ရှီရှန်းဆီမှာ ထားခဲ့ပြီး ထွက်ခွာသွား​ခဲ့သည်။

ပိုင်​လော့နိုးလာပြီး ရှီရှန်းကိုမြင်သောအခါ ထွက်ပေါက်တစ်ခု​တွေ့လိုက်သကဲ့သို့ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာ​တော့သည်။
ထို့​နောက် ရှီရှန်း သိချင်သည်ဖြစ်စေ မသိချင်သည်ဖြစ်စေ ဂရုမစိုက်ဘဲ  လွန်ခဲ့သည့်ရက်အနည်းငယ်က သူမကြုံတွေ့ခဲ့ရသည့်အရာများကို ငိုရင်းပြောပြ​လေသည်။

ထိုနေ့က သူမသည် မနက်စာစားရင်း လက်ဖက်ရည်ခွက်ကို မတော်တဆတိုက်မိသွားသဖြင့် အ၀တ်လဲရန် အခန်းသို့ ပြန်သွားခဲ့သော်လည်း လျို့ရွှီသူမကိုလာရှာမည်ဟု မထင်မိခဲ့ပေ။

ပိုင့်​လော့က လျို့ရွှီကို မမှတ်မိသော်လည်းအလိုလိုပင်မကြိုက်သောကြောင့် အခန်းတံခါးကိုပိတ်ထားလိုက်သည်။

"ညီမ​လေး ​ရှောင်​လော့  ဒီမှာ လူတွေ အများကြီးပဲ စကားပြောဖို့ တို့အခန်းထဲလိုက်ခဲ့ပါလား"  လျို့ရွှီက နူးညံ့ညင်သာစွာပြောဆိုခဲ့သည်။

သို့သော် ပိုင်​လော့က​တော့ ခြွင်းချက်ဖြစ်သည်။  လျို့ရွှီကို သူမ နှလုံးသားထဲမှပြတ်ပြတ်သားသားငြင်းပယ်ထားပြီးပြီ။

"မင်းပြောချင်တာရှိရင် ဒီတိုင်းပြောလို့ရတယ်"

ဒါကိုကြားတော့ လျို့ရွှီလည်း နည်းဗျူဟာပြောင်းလိုက်သည်။ 
"ညီမ​လေး ​ရှောင်​လော့  မင်းရဲ့အတိတ်ကို မသိချင်ဘူးလား?"

ပိုင်လော့၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွား၏။ 
"ငါ့အတိတ်ကို မင်းသိလား"

သူမပြောပြီးသည်နှင့် နှုတ်ခမ်းကို ကိုက်လိုက်သည်။
'သူငါ့ကိုသိတယ်၊ ငါ့အတိတ်အကြောင်းတချို့ကို သူသိလိမ့်မယ်  ငါ့မေးခွန်းက မလိုအပ်ဘူးမဟုတ်လား..'

လျို့ရွှီက ပြုံးပြီး ခေါင်းညိတ်သည်။

"မင်းဘယ်သူလဲ မင်းဘာတွေကြုံဖူးလဲ တို့ သိတယ် ညီမ​လေး သိချင်ရင် တို့ပြောပြနိုင်ပါတယ်  ဒါ​ပေမယ့်​ ဒီ​နေရာက ​တော်​​တော်​​လေးအဆင်မ​ပြေဘူး..."

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now