Arc 15.3

604 79 0
                                    

Unicode

မူလက ဇီးပန်းပွင့်များကို ကြည့်ရှုရန် စီစဉ်ခဲ့ကြသော်လည်း ဤအ​ခြေအ​နေ၌ မည်သူ့ထံတွင် ထိုသို့​သော ဆန္ဒမျိုး ဆက်ရှိနိုင်ပါမည်နည်း။

အားလုံးက မိမိတို့ကိုပါ ပြသနာထဲသို့ ဆွဲထည့်ခံရမည်ကို ကြောက်​နေသောကြောင့် တိုးတိတ်ငြိမ်သက်စွာ ရပ်နေကြ၏။

"မယ်မယ်" သူမဘေးက နန်းတွင်းသူ ထောင်ချင်း က စိုးရိမ်တကြီးပြောလိုက်သည်။

"ရှူးဖေးမယ်မယ်က ဒီလိုမျိုး ဆက်ပြီး ရပ်နေရမယ်ဆိုရင် မခံနိုင်မှာစိုးရတယ် သူမသာ တကယ်လို့ တစ်ခုခုဖြစ်သွားခဲ့ရင် ဘုရင်မင်းမြတ်ကို ရှင်းပြဖို့ ခက်ပါလိမ့်မယ်"

ရှူးဖေးသည် မျက်နှာတစ်ခုလုံးပြာနှမ်း​နေသည်အထိ ချမ်းတုန်နေပြီး သူမ၏ ခန္ဓာကိုယ်ကလည်း ရေခဲတမျှ​အေးစက်​နေ​သောလေထဲတွင် တုန်လှုပ်နေ​လေသည်။

ရှီရှန်း က လည်ပင်းကို ဆန့်လိုက်သည်။

'ဇာတ်လိုက်တွေ မကြာခင် ရောက်လာတော့မယ်'

သူမ၏ အတွေးအမြင်အတိုင်းပင်
နန်းတွင်းသူ၀တ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦး ဇီးပန်းရုံအနီးတွင် ပေါ်လာသည်။

လွီ​ရော့ သည် ဧကရာဇ်မင်းနှင့်တွေ့ဆုံဖို့အခွင့်ကောင်းရှာရန်အတွက် အအေးနန်းတော်မှ ထွက်လာခဲ့ခြင်းဖြစ်ပြီး ဇီးပန်းပွင့်၏ရနံ့အတိုင်း နှင်း​ကြွေလွှာပန်းဥယျာဥ် သို့ လျှောက်သွားခဲ့သည်။

ထုံးစံအတိုင်းပင် အမျိုးသမီးဇာတ်လိုက်၏ကြိုက်နှစ်သက်မှုများက အမျိုးသားဇာတ်လိုက်​၏ကွယ်လွန်သူဧကရီနှင့်ဆင်တူ​လေသည်။

ထို့ကြောင့် ဤဝတ္ထု၏ ဇာတ်လိုက်မက ဇီးပန်းပွင့်များကို နှစ်သက်ရခြင်းဖြစ်​ပေသည်။

ဇာတ်လိုက်မသည် ဤမျှကြီးမားသော ဇီးပန်းပင်များကို တွေ့လိုက်ရသည့်အတွက် အလွန်ဝမ်းသာသွားပြီး လက်ရှိအ​ခြေအ​နေကိုပင် သတိလက်လွတ်ဖြစ်သွားခဲ့သည်။  သူမက  အပြစ်ပေးခံ​နေရဆဲဖြစ်သော ရှူး​ဖေးကို ဝင်တိုက်မိ​လေသည်။

လွီ​ရော့၀င်​ရောက်လာ​သော ခန္ဓာကိုယ်ပိုင်ရှင်သည် ကျဲ့ယွီရာထူးကိုရရှိထား​သော ​မောင်းမမိဿံတစ်ဦးဖြစ်ပြီး ဧကရာဇ်မင်းမြတ်ထံတွင် တစ်ကြိမ်တစ်ခါမျှ အမှုမထမ်းဆောင်ဖူးဘဲ  တစ်ကြိမ်သာမြင်ဖူးသော်လည်း  မိဖုရားများစွာက သူမကို မှတ်မိနေသေးသည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now