Arc 12.3

4K 652 7
                                    

Unicode

ကုယန်က ရှီရှန်းကို ရှန်းရှအကြိုက်ဆုံးစားသောက်ဆိုင်​တွေထဲက တစ်ဆိုင်ကိုခေါ်လာတယ်

ရှီရှန်းက​တော့ ဒီနေရာကိုတကယ်မကြိုက်​လေဘူး ဆိုင်ရဲ့အလှဆင်မှု​တွေက သူမနှစ်သက်မှုနဲ့ အ​တော်​လေး​ဝေးကွာတဲ့အ​ခြေအ​နေမှာ ရှိ​နေတယ်
ဒါပေမယ့်သူမရဲ့ ထမင်းစားလက်မှတ်ကြီးက အခုမှ ရည်းစားနဲ့ပြတ်ထားတယ် ဆိုတာသတိရလိုက်တာနဲ့ ရှီရှန်းက တခြားတစ်နေရာကို သွားဖို့​တောင်းဆိုမ​နေ​တော့ဘဲထူးခြားတဲ့အလိုက်သိမှုတစ်ခုကိုပြသ​ပေးလိုက်တယ်....ဟုတ်ပါတယ်...တကယ်က​တော့ သူမလမ်းဆက်လျှောက်ဖို့အရမ်းပျင်း​နေတာလည်းပါတယ်

"​ရှောင်ရှ...မင်း ဦး​​လေးနဲ့လာ​နေတာလေးနှစ်တောင်ရှိပြီ ... " ကုရန် က ရုတ်တရပ်​ပြောလိုက်တယ်

ရှီရှန်ကသူ့ကို့ခေါင်းမော့ကြည့်လိုက်သည်။ သူမ​ရှေ့က အမျိုးသားက ​ခေါင်းငုံ့လိုက်ပြီးမျက်ခုံး​တွေကလည်း တင်းကျပ်စွာ​မှောင်ကုတ်​နေကြတယ်

" အင်း "
'လေးနှစ်ရှိသွားပြီ '
ရှန်းရှရဲ့ မိဘ​တွေက သူမအသက် ၁၀ နှစ်မှာ သေဆုံးခဲ့ကြတယ်

ကုရန်က တိတ်ဆိတ်သွားတယ်
သူ့အကြည့်က ထမင်းပန်းကန်ပေါ်မှာငြိမ်သက်​နေတယ် သည်။

ရှီရှန်းက စားဖို့ကိုအာရုံစိုက်လိုက်တယ်
'ငါဗိုက်ဆာနေပြီ! ဗိုက်ဖြည့်တာထက် ဘာကမှပိုအရေးမကြီးဘူး '

"​ရှောင်ရှ...မင်းဒီညပြီးရင် ၁၅ နှစ်ပြည့်တော့မယ်" အမျိုးသားကရုတ်တရက်စကားဆက်လိုက်တယ်
ရှီရှန်လည်းခဏ​လောက်တိတ်ဆိတ်သွားတယ်
ခက်ခက်ခဲခဲစဉ်းစားပြီးမှမနက်ဖြန်သရှန်းရှရဲ့ မွေးနေ့ဖြစ်ကြောင်း သူမသတိရ​တော့တယ်

"မင်းအသက် ၁၆ နှစ်ပြည့်တဲ့အခါမင်းမိဘ​တွေချန်ထား​ပေးခဲ့တဲ့ အမွေအားလုံးကို တရားဝင် ဆက်ခံခွင့်ရှိပြီ...ဒီကဒ်ထဲမှာ 30k ရှိတယ် မင်း​​ချွေ​ချွေတာတာသုံးရင် အဲ့ဒါကနောက်နှစ်အတွက် မင်းရဲ့အသုံးစရိတ်အတွက်လုံလောက်လိမ့်မယ် "
ကုရန် က ရှီရှန်း စကားပြန်ပြောတာကို မ​စောင့်ဘဲ ကဒ်ကိုတွန်း​ပေးလိုက်တယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now