Arc 15.10

624 91 9
                                    

Unicode

"သခင်မ ဘာကိုရှာနေတာလဲ"  ​

ထောင်ချင်းသည် ရွာထဲသို့ ဝင်လာသည့် ဓားပြများကဲ့သို့  ရှီရှန်းတစ်​ယောက် စာကြည့်တိုက်ထဲသို့ ဒ​ရော​သောပါး​ပြေးဝင်သွားသည်ကို ကြည့်နေသည်။

ရှီရှန်းကိုယ်တိုင်လည်း သူမ ဘာကိုရှာနေသလဲမသိပေ။ ကြုံရာကျပန်းရှာဖွေခြင်းဖြင့် သူမ၏ကံကို ကြိုးစားနေခြင်းသာဖြစ်သည်။

'အယ်?  ဒီပန်းချီက သိပ်မဆိုးဘူးပဲ'

"သခင်မ…"
ထောင်ချင်း၏ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး ပုံများကို လက်ဖြင့် အမြန်ပိတ်လိုက်သည်။

"ဘာလို့...စာကြည့်တိုက်မှာ ဒါ​တွေ​ရောက်​​နေတာလဲ"

'ဒါက ​စာသင်ကျောင်း​တစ်ခု​လေ ဘာလို့ ဒီလို မသင့်​လျော်တဲ့ပစ္စည်းက ​ရှိ​နေတာပါလိမ့်  ပြီးတော့ သခင်မက အဲ့ဒါကို တည်ငြိမ်တဲ့အမူအရာနဲ့တောင် ကြည့်နေ​သေးတယ်...'

ရှီရှန်းသည် စာအုပ်ကို ထောင်ချင်း၏လက်ထဲသို့ ထိုးထည့်​ပေးလိုက်သည်။ 

"ယူခဲ့​နော်"

"အာ?  ဒါ.."
'ဒီစာအုပ်ကို ဘာလို့ ယူသွားချင်တာလဲ'

ရှီရှန်းသည် နောက်ထပ်မ​တော်တ​လျော်စာအုပ်များစွာကို ရှာ​တွေ့ခဲ့ပြီး အရည်​အ​သွေး​ကောင်းပုံရမည့် စာအုပ်အချို့ကို ထောင်ချင်းထံ ပေးလိုက်သည်။

"သခင်မ...  ဒီကနေ မြန်မြန်ထွက်သွားရအောင်" 
ထောင်ချင်းရဲ့အသံက စတင်တုန်လှုပ်လာခဲ့သည်။

ရှီရှန်းက စာကြည့်တိုက်ထဲရှိစာအုပ်တစ်အုပ်ချင်းစီကို  အကြမ်းဖျင်းကြည့်ရှုစစ်​ဆေး​နေသည်။
'နားမလည်ဘူး ဒီစာကိုဖတ်လို့မရဘူး  ဒီဟာကို ဘယ်သူရေးတာလဲ ခွေးခြစ်ထားသလိုပဲ!'

ရှီရှန်းက စာအုပ်ကို ဘေးသို့ပစ်ချလိုက်ပြီး စင်ကို မှီလိုက်သည်။
'ဒီမှာ စာအုပ်တွေ အများကြီးရှိတယ် ငါလိုအပ်တာကို ရှာတွေ့ဖို့ ဘယ်လောက်ကြာမလဲ နောက်ပြီး ​ဝေ့ယန်နန်း​ဆောင်က ဘယ်မှာလဲ'

"ဝေ့ယန်နန်း​ဆောင်အ​ကြောင်း တကယ်မကြားဖူးဘူးလား"  ရှီရှန်းက ရုတ်တရက် မေးလိုက်သည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now