Arc 12.33

2.9K 501 27
                                    

Unicode

ရှီရှန်းဆီကတုံ့ပြန်မှုမရှိဘဲ ရှန့်ကျားရင်းက ရက်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရတယ်

ရှီရှန်းအိမ်က​နေအပြင်ထွက်သွားတဲ့အခါမှာ​တောင်  ယွိကျိုက အမြဲလိုက်ပို့လေ့ရှိပြီး သူတို့နဲ့အတူ လူ​တွေအများကြီးကို အမြဲခေါ်ဆောင်သွားတာ​ကြောင့် သူမကိုအတင်းခေါ်ထုတ်ဖို့လည်း မဖြစ်နိုင်ဘူး

"ဘာလဲ? တစ်စုံတစ်ယောက်ကိုမှန်မှန်ကန်ကန် မဆွဲဆောင်နိုင်ခဲ့ဘူးလား"

ရင်း​မော့က ဝရံတာမှာ ရပ်ပြီး ဝိုင်နီတစ်ခွက်ကိုကိုင်ရင်း  ရှန့်ကျားရင်းကိုပြုံးကြည့်နေတယ်
ရှန့်ကျားရင်းက မသင့်​တော်ဘူးလို့ပြောခဲ့​ပေမယ့်လည်း သူက ​ရေချိုး၀တ်ရုံကိုပဲ  ၀တ်ထားတယ်

ရှန့်ကျားရင်းရဲ့ ရှည်လျားတဲ့ဆံပင်​တွေက သူမရဲ့ပုခုံးကို ဖုံးအုပ်ထားတယ် သူမက အခုအချိန်မှာ လသာဆောင်ဘက်ကို မျက်နှာမူထားတဲ့ ဧည့်ခန်းတစ်ခုမှာရပ်နေတယ်
ရင်း​မော့ရဲ့ ​လှောင်​ပြောင်ရိပ်သမ်းတဲ့ စကား​တွေကိုကြားရတဲ့အခါ သူမပိုပြီး ဒေါသထွက်လာရတယ်

"ရှင်ကအရမ်းစွမ်း​နေတယ်ထင်ရင် ရှင်ကိုယ်တိုင်လုပ်ပါ့လား"

"အဲ့ဒီအမျိုးသမီးက ငါ့ကိုဆို အရမ်းသတိထားတယ်"
ရင်း​မော့က ဧည့်ခန်းထဲကို လမ်းလျှောက်လာတယ်

"ရှန့်ကျားရင်း မင်းစိတ်​ပျော့လာတယ်ငါ့ကိုမပြောဘူးလား"

"စိတ်​ပျော့တယ်?" ပြန်လည်မွေးဖွားလာသည့် အချိန်ကစပြီး သူမဆီမှာ စိတ်​ပျော့တယ်ဆိုတာမရှိ​စေရ​တော့​ကြောင်း ကျိန်ဆိုခဲ့တယ်

"သူမက ရှင့်ကိုဆို သတိထားတယ်..ဒါပေမယ့် ကျွန်မကိုဆိုပို​တောင်ဆိုး​​သေးတယ်! ရှန်းယန်က ကျွန်မလက်ထဲမှာရှိတယ်လို့​​ပြောတာတောင် သူမကတုံ့ပြန်သေးဘူး "

ခဏရပ်ပြီးနောက် သူမက ဆက်ပြောတယ်"သူမက သူရှိနေတာကိုသတိမပြုမိသေးတာလား"

ရင်း​မော့က ဝိုင်ခွက်ကို ဘေးနားချလိုက်ပြီး ရှန့်ကျားရင်းရဲ့ပုခုံးကိုဆုပ်ကိုင်ကာ အဲ့က​နေတစ်ဆင့် သူ့လက်ချောင်း​တွေက သူမရဲ့ လက်​မောင်းအောက်ကို လျှောကျလာတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now