Arc 13.12

2.7K 450 6
                                    

Unicode

နတ်ဆိုးဂိုဏ်း၀င်​တွေဟာ သေခြင်းတရားကိုကြောက်ရွံ့ခြင်းကြတယ်လို့နာမည်ကျော်ကြားတယ်

ကျန့်ကျန်းတစ်​ယောက် တံခါးပိတ်​လေ့ကျင့်ခြင်းက​နေထွက်လာပြီးကတည်းက နတ်ဆိုး ဂိုဏ်းက ပုံစံအသစ်တစ်ခုဆီကို ဦးတည်သွား​နေတယ်  ဂိုဏ်းသား​တွေက ဂိုဏ်းချုပ်​ဟောင်းတစ်​ယောက်ဖြစ်တဲ့ ကျန့်ကျန်း ရဲ့စကားကိုနားစွင့်နေဆဲဖြစ်​ပေမယ့်လည်း ဒါက သူတို့ အသားမစားဘဲ ​နေနိုင်တယ်လို့ မဆိုလိုဘူး​လေ

"မင်းကောင်တွေ အသား​လေးနည်းနည်းအတွက်နဲ့ သစ္စာ​ဖောက်ရလား မင်းတို့ရဲ့ဂုဏ်သိက္ခာကဘယ်မှာလဲ! " ကျန့်ကျန်းက ဒေါသအထွက်လွန်ပြီး ပေါက်ကွဲတော့မယ်လို့ ခံစား​နေရတယ်

"ငါတို့နတ်ဆိုးဂိုဏ်းထဲကို ၀င်တဲ့နေ့မှာငါတို့ရဲ့ဂုဏ်သိက္ခာက ငါတို့ဗိုက်ကိုဖြည့်မပေးနိုင်ဘူးလို့မင်းမပြောခဲ့ဘူးလား။ ယောက်ျားစစ်စစ်​တစ်​ယောက်က စကားကို ​အမျိုးမျိုးပြောင်း​ပြောလို့ ရတယ်လား  ငါတို့ကနှိမ့်ချပြီး ငါတို့အခွင့်အရေးကိုစောင့်နေတာပါ​နော်! "
ဂိုဏ်းသားတစ်ဦးက ပြန်လည်တုံ့ပြန်ခဲ့တယ်

ကျန့်ကျန်း" … " 'ငါဒီလောက်မိုက်မဲတဲ့စကားကိုဘယ်တုန်းကပြောဖူးတာလဲ? ထားပါ​တော့၊ အဲ့ဒါကကိစ္စမရှိပါဘူး'

ကျန့်ကျန်းက ဂိုဏ်းသား​တွေကို လက်ယပ်ခေါ်လိုက်တယ် "မင်းတို့ဒီညသူမကိုဆေးခပ်လိုက် ငါ ငါ့ရာထူးကိုပြန်ယူချင်တယ်! "
"ဂိုဏ်းချုပ်…မင်းရူးသွားပြီလား ၀ူကျန်းကို ​ဆေးခပ်ဖို့က ဖြစ်နိုင်တဲ့ကိစ္စမှမဟုတ်တာ "

ဂိုဏ်းသားက အသံဗြဲကြီးနဲ့ ထ​အော်ပြီး ကျန့်ကျန်းကို ရိုးသားတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်
ကျန့်ကျန်း "…"

ကျန့်ကျန်းက ဂိုဏ်းသားကိုရိုက်လိုက်​ပေမယ့် သူက ခေါင်းကို​နောက်ဆုတ်ကာ အောင်မြင်စွာရှောင်တိမ်းနိုင်ခဲ့တယ်

"ရှောင်ရဲသေးလား! ဒီကိုလာ!"
ကျန့်ကျန်းက ဂိုဏ်းသားရဲ့ ဂုတ်ပိုးကို လှမ်းဆွဲဖို့ပြင်လိုက်တယ်

"သူတို့ကိုအနိုင်ကျင့်တာကလွဲလို့မင်းဘာလုပ်နိုင်လဲ" ငြိမ့်ညောင်းတဲ့အသံကသူ့နောက်ကနေပြောလာတယ်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now