Arc 11.24

3.3K 513 1
                                    

Unicode

ရှီရှန်းက သိုက်ယွဲ့ကိုပိုစိတ်ဝင်စားတဲ့အကြည့်တွေနဲ့ကြည့်နေတယ် သိုက်ယွဲ့က သွမ့်ချင်းယွင်ကို သတ်ဖို့ကျရှုံးခဲ့ရုံတင် မကဘူး သူကိုလွတ်ပါလွတ်သွားတယ်

"သူက ကြက်လေးတစ်ကောင်တောင်ဖမ်းနိုင်တာမဟုတ်ဘူး, မင်းဆီကနေဘယ်လိုလွတ်သွားတယ်ဆိုတာ ရှင်းစမ်းပါဦး"

ရှီရှန်းက ဒေါသတကြီးဆူငေါက်တာထက် ပို ကြောက်ဖို့ကောင်းတဲ့ အပြုံးတစ်ခုကို ပန်ဆင်ထားတယ်

အေးစက်တဲ့ ချွေးအေးတွေက သိုက်ယွဲ့ရဲ့ နဖူးထိပ်ဖျားကနေကျဆင်းလာတယ်

"ကျွန်မသေသေချာချာ မသိဘူး..အချိန်ခနလောက်သတိလွတ်သွားမိတယ်ထင်တယ် ကျွန်မပြန်ရောက်တော့ သွမ့်ချင်းယွင်က မရှိတော့ဘူး"

ဖောင်း!!

ရှီရှန်းက စားပွဲခုံကိုရိုက်ချပစ်လိုက်တယ် သူမဒေါသကိုအတော် ထိန်းထားနေရတယ်
"အခြားလူတွေကရော သေကုန်တာလား??အဲ့လောက်ထိပြင်ဆင်ထားပြီး ဘယ်လိုတောင်လွတ်သွားတာလဲ!!!"

သိုက်ယွဲ့က ကြမ်းပြင်ပေါ် ဒူးထောက်လိုက်တယ် သူမ မော်မကြည့်ရဲသလို ပါးစပ်လဲမဟရဲဘူး

ထူးဆန်းတာကအဲ့မှာစတာပဲ နေရာတိုင်းမှာ အစောင့်တွေချထားတာကို တစ်ယောက်ကမှ သွမ့်ချင်းယွင်ထွက်ပြေးတာကို မတွေ့ကြဘူး သူကလေထဲပျောက်သွားသလိုပဲ

သိုက်ယွဲ့က သူ့အတွေးနဲ့သူပတ်ချာလည်နေတယ်
'လူတစ်ကောင်လုံးက ဘယ်လိုဖြစ်ပြီး ပျောက်သွားတာလဲ ငါပဲအတွေးလွန်နေသလား'

ရှီရှန်းက သဘောပေါက်တယ်
သွမ့်ချင်းယွင်တစ်ယောက်တည်း သိုက်ယွဲ့ဆီကနေထွက်ပြေးနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး သူ့ကိုကူညီပေးနေတဲ့သူ ရှိလိမ့်မယ်

"မှူးမတ်တွေအားလုံးကို သူတို့အိမ်တွေမှာအကျယ်ချုပ်ချထားလိုက်"
ရှီရှန်း အမိန့်ပေးလိုက်တယ်

သိုက်ယွဲ့ရဲ့ မျက်လုံးတွေက အရောင်လက်သွားတယ်
'အမတ်ချုပ်က ပုန်ကန်တော့မှာလား'

မဟုတ်ပါဘူး ရှီရှန်း မှာပုန်ကန်ဖို့စိတ်ကူးမရှိဘူး သူမက ကျန့်ဇီကိုသူမရဲ့ဘက်တော်သားတွေနဲ့ အဆက်အသွယ်ဖြတ်ထားချင်ရုံပဲ

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now