Arc 13.15

2.3K 341 4
                                    

Unicode

ရှန်ရှင်းယန်က က ရှီရှန်းကို ဒီနေ့ပွဲတွေပြီးသွားရင်ထမင်းစားဖို့ဖိတ်မယ်လို့ပြောခဲ့တယ်။
သူမက​တော့ စိတ်ပျက်လက်ပျက်နဲ့ ကောင်းကင်ကိုမော့ကြည့်ရုံသာတတ်နိုင်တယ် 'ရှန့်ရှင်းဟိုင်ကို သူ့ရှေ့မှာသတ်ပြမှပဲ ဒီ​ကောင်လည်း ငါ​ပြောတာကို ယုံ​တော့မှာပဲ  ဒါပေမယ့်သူကဒီမှာမဟုတ်ဘူး'

သဘာ၀ကျစွာပဲ ရှန့်ရှင်းယန်လို အလုပ်များသူက ရှီရှန်းနဲ့  အကြာကြီး ဘယ်စကားပြောနိုင်ပါ့မလဲ  မကြာခင်သူ့​နေရာကို သူပြန်သွားထိုင်တယ်

ဒါပေမယ့်အခြားသူတွေကဒီလိုမတွေးခဲ့ဘူး
သူမနဲ့ ရှန့်ရှင်းဟိုင်ကြားမှာ တစ်ခုခုဖြစ်ပျက်နေတယ် ဆိုတဲ့ ကောလဟာလများရှိနေပြီဖြစ်တယ် အခု ရှီရှန်းက သူ့အစ်ကိုကြီးနဲ့ ပျော်ရွှင်စွာစကားပြောနေတာကို မြင်ရတယ်ဆိုတာက ကောလဟာလ​တွေကို ရိုးရှင်းစွာအတည်ပြုလိုက်တာပဲမဟုတ်လား

ရှီရှန်းက တကယ့် ပြိုင်ပွဲထက်​တောင် ပိုပြီး အာရုံစိုက်ခံ​နေရတယ်

ရှီရှန်းက  ဒီလူ​တွေကို အ​တော်​လေး လက်လန်သွားတယ် သူမက မှားယွင်းတဲ့ကမ္ဘာ (သို့မဟုတ်) ၀တ္ထုတစ်ပုဒ်ထဲကို  ၀င်လာမိသလို ခံစား​နေရသည်။ 'ဒါက သိုင်း၀တ္ထု​လေ..မင်းတို့က ဘာဖြစ်လို့ အချစ်ဟာသဇာတ်လမ်းတိုထဲက လူ​တွေကို သရုပ်​ဆောင်​နေကြတာလဲ ဒါက ဟာသဆန်ဆတ်ဖန်တီးထားတဲ့ side storyလို့​တော့ ငါ့ကိုမပြောနဲ့'

[ဤကမ္ဘာက ဝတ္ထုရှည်​တွေအများကြီးအတွက် တည်​ဆောက်ထားတဲ့ universeဖြစ်ပြီး ရှန့်ရှင်းဟိုင်က ​နောက်၀တ္ထုတစ်ပုဒ်ရဲ့ အမျိုးသားဇာတ်​ဆောင်  ဖြစ်တယ် သူ့၀တ္ထုကလည်း အချစ်၀တ္ထုဖြစ်တာ​ကြောင့် ဒီကမ္ဘာမှာ ပျက်စီး​နေတဲ့  ဇာတ်ကောင်​တွေမရှိဘူး] systemက ​သေ​သေချာချာ ရှင်းပြလိုက်တယ်

ရှီရှန်း "... "

'ရှန့်ရှင်းဟိုင်က ​သေတွင်းထဲက​နေလွတ်လာတာ မဆန်း​တော့ပါဘူး ​စောက်ကျိုးနဲ system ၊ နင် bug တွေကို ဖြေရှင်းတဲ့​နေရာမှာ တကယ်ပို​တော်လာတယ်မဟုတ်လား

[ချီးကျူးမှုအတွက်ကျေးဇူးတင်ပါတယ်။ ]

** စားပွဲလှန်* မင်းကိုဘယ်သူချီးကျူးလဲ
မင်းရဲ့hostက​တော့ မျက်နှာပျက်နေရပြီ

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now