Arc 13.20

1.9K 252 4
                                    

Unicode

အများစုကငြိမ်ပြီး နယ်​မြေကိုစူးစမ်း​လေ့လာနေကြချိန်မှာ အချို့က​တော့ အရင်ဆုံး ​တောင်​ပေါ်တက်သွားကြတယ်

မွန်းလွဲပိုင်းလောက်မှာ​တော့ တောင်ပေါ်မှာပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်သွားခဲ့တယ်။
ပထမပေါက်ကွဲမှုပြီး​တော့ မကြာခင်မှာပဲ ​နောက်တစ်ကြိမ်ထပ်မံပေါက်ကွဲခဲ့ပြီး ​တောင်ကုန်းတစ်ခုလုံးတုန်ခါသွားကာ စတင်ပြိုလဲကျသွား​တော့တယ်

လူတွေအားလုံးထိတ်လန့်တကြားနဲ့ထွက်ပြေးကုန်ကြတယ်။
တိ​တောင်ကုန်းဟာ ပင်လယ်တစ်ဖက်နှင့်ထိစပ်နေတာကြောင့် အပျက်အစီးအများစုက ပင်လယ်ထဲကို လျှောကျသွားတယ် ဒါ​ပေမယ့်  လူ​တွေရှိတဲ့ဘက်ကို လိမ့်ဆင်းလာ​နေတဲ့ ကျောက်တုံးကြီး​တွေလည်း ရှိသေးတယ်

ဒါက လုံး၀မျှော်လင့်မထားမိတဲ့ ဘေးဆိုးတစ်ခုရဲ့ နမူနာတစ်ခုဖြစ်နိုင်တယ်။
သူတို့ရဲ့အစပြုမှုဟာ တကယ်မစခင်မှာပဲပြီးဆုံးသွားခဲ့ပါတယ်။
ဖူယိယွင် နဲ့ လျှို့ရွှီ တို့က တောင်ပေါ်ကို မတက်ခဲ့ကြ​ဘဲ စခန်းရဲ့အစွန်အဖျားမှာရှိ​နေခဲ့တယ်
ပေါက်ကွဲသံ​တွေကြားရပြီး ​မြေကြီး​တွေတုန်လှုပ်လာတာနဲ့ ဖူယိယွင်က လျှို့ရွှီကို သူနဲ့အတူ​ခေါ်ပြီး ပေါက်ကွဲမှုကိုအောင်မြင်စွာရှောင်ရှားနိုင်ခဲ့တယ်

"အစ်ကိုကြီးယိယွင် ... " လျှို့ရွှီရဲ့မျက်နှာက ကြောက်ရွံ့မှု​တွေအပြည့်နဲ့ ဖျော့တော့​နေတယ်
"ဘာလို့ပေါက်ကွဲတာလဲ"

ဖူယိယွင် က သူမကို နှစ်သိမ့်တဲ့အ​နေနဲ့ သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ပြိုကျနေဆဲတောင်နဲ့ အ​ဝေးကိုဦးတည်နေတယ်

'ဒီတောင်ကြီးကို​ဖောက်ကွဲဖို့အတွက်ယမ်းမှုန့်ဘယ်လောက်​တောင် လိုမှာလဲ'

ရှီရှန်းရဲ့လက်ချက်ကြောင့် သိုင်း​လောက ရှိလူအတော်များများသေဆုံးနေပြီးဖြစ်တဲ့အပြင် ဒီပေါက်ကွဲမှုကြောင့် အလင်းဂိုဏ်း​တွေရဲ့ အင်အားကိုပိုမိုကျဆင်းလာစေခဲ့တယ်
နတ်ဆိုးဂိုဏ်းဟာ​တော့ ပုန်းလျှိုးကွယ်လျှိုးလုပ်မ​နေတော့ဘဲ သူတို့ရဲ့ အသင်းအဖွဲ့ကိုပြောင်ပြောင်တင်းတင်းတိုးချဲ့လာတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now