Unicode
ဆေးထည့်ပြီးနောက် ရှီရှန်း သူမဘေးကဓားကိုကြည့်လိုက်တယ်
နှင်းလွှာလမင်း ဓားဟာ ထိပ်တန်းလက်နက်မစာရင်းမှာ အဆင့်ခြောက်ဖြစ်တယ်ဓါးကထုတ်လိုက်တဲ့ ချီစွမ်းအင်ဓါးတွေက လခြမ်းပုံရိပ်ဖြစ်တာကြောင့် အဲ့ဒါကို နှင်ူလွှာလမင်းဓါး လို့ခေါ်တယ်
ရှီရှန်း ကဓားကိုစစ်ဆေးလိုက်တယ် အဲ့ဒါက အတော်လေးထက်တယ်ဆိုပေမယ့် ဒါကလွဲ၍ အခြား ထူးခြားမှုမရှိဘူး
သို့ပေမယ့်လည်း ဒီဓားက ဝူကျန့်ဘဝမှာ စိန်ခေါ်မှု များစွာကိုဖြစ်စေခဲ့တဲ့ ဓားရှည်ပဲနောက်ဆုံးတော့ ဒါက သိုင်းလောကပဲလေ..။ လုယက်မှုနဲ့လူသတ်မှုဆိုတာက ဒီလောကမှာအဖြစ်များတဲ့ကိစ္စပဲ
ရှီရှန်းရဲ့နှုတ်ခမ်းတွေ တဖြည်းဖြည်းချင်း ကွေးတက်လာတယ် သူမက စည်းမျဉ်းစည်းကမ်းတွေ တရားဥပဒေတွေ မရှိတဲ့ ဒီလိုကမ္ဘာတွေကိုနှစ်သက်တယ်
သူမက ရေခဲနှင်းလွှာဓါးကို သူမရဲ့ ပစ္စည်းသိုလှောင်နယ်မြေထဲ ပစ်ထည့်လိုက်တယ်
ဒီဓါးက သူမအတွက်တော့ အသုံးမ၀က်ဘူးလျှို့ရွှီက သူမကိုစစ်ဆေးဖို့အကြိမ်ကြိမ်ရောက်လာခဲ့ပေမယ့် ရှီရှန်းရဲ့ အေးစက်စက်မျက်နှာနဲ့ပဲ အမြဲရင်ဆိုင်ခဲ့ရတယ်။ အဆုံးမှာတော့သူမလာတော့ဘူး။
ရှီရှန်းရဲ့ဒဏ်ရာသက်သာလာပေမယ့်လည်း လျှို့ရွှီပျောက်သွားတာ နှစ်ရက်နီးပါးရှိနေပြီဖြစ်တယ်
ရှီရှန်းက အဲ့ဒါကို တည်းခိုခန်းစားပွဲထိုးဆီကနေသိခဲ့ရတယ်ရှီရှန်း "... "
'စာရေးသူsama မင်းဒါက ဘာကိုဆိုလိုတာလဲ..မင်းငါ ဇာတ်လိုက်မကိုသတ်တာကိုတားတာငါနားလည်တယ်.. ဒါပေမယ့်ခုတော့မင်းက တခြားရန်သူတွေကို မသတ်ဖို့ပါတားနေပြီလား! တအားတတ်နိုင်နေရင် စကြ၀ဠာတစ်ခုလုံးကို ဘာလို့မကယ်လဲ'တည်းခိုခန်းအပြင်က စည်ကားသွက်လက်နေတဲ့ လမ်းကိုထွက်လာတာနဲ့ ရှီရှန်းအနည်းငယ်အကျွမ်းတဝင်မရှိသလိုခံစားလိုက်ရတယ်
ခေတ်သစ်တစ်ခုထဲမှာ အချိန်အတော်ကြာဖြတ်သန်းပြီးတဲ့နောက် ရှေးဟောင်းကမ္ဘာတစ်ခုကိုရုတ်တရက်ပြန်၀င်ဖို့ ဆိုတာက တော်တော်လေးတုန်လှုပ်စရာကောင်းလှတယ်
သူမ တည်းခိုခန်းရှေ့မှာ ခဏလောက်ရပ်နေပြီးနောက် လမ်းမအတိုင်းဖြည်းဖြည်းချင်းလျှောက်သွားတယ်။
ရှေးခေတ်ရဲ့ အနုသုခမလက်ရာတွေဟာ အတော်လေး လက်ရာမြောက်ပေမယ့်လည်းအရာအများစုဟာ ခေတ်သစ်လူ့အဖွဲ့အစည်းနှင့်မယှဉ်နိုင်ဘူး
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....