Arc 13.19

1.9K 267 1
                                    

Unicode

ထိုလူဟာ ​ကျေနပ်သွားပုံ​ပေါ်ပြီး လျှို့ရွှီရဲ့လည်ပင်းကိုလွှတ်လိုက်တယ် "မင်းငါ့ကိုမလိမ်တာပိုကောင်းမယ်"
"ကျွန်မ မလုပ်ရဲပါဘူး…"လျှို့ရွှီကနူးညံ့စွာပြောလိုက်တယ်

ထိုလူဟာ သူမရဲ့မေးစေ့ကိုပင့်ကာ နူးညံ့သောပုံစံဖြင့်နမ်းလိုက်​​လေတယ် သူလွှတ်လိုက်တဲ့အခါ လျှို့ရွှီရဲ့မျက်နှာက နီမြန်းနေပြီဖြစ်တယ်
ထိုသူဟာ သိမ်မွေ့သောအရိပ်အယောင်ဖြင့်သူမကိုကြည့်လိုက်တယ်

"မင်းငါ့အတွက်ဒါကိုလုပ်ပြီးတာနဲ့ငါမင်းကိုလက်ထပ်မယ်" ထိုလူသည်လျှို့ရွှီအားလျစ်လျူရှုပြီး သူမကိုကြွေပုလင်းတစ်လုံးပေးခဲ့တယ် "နေကောင်း​အောင်​​နေ..ငါ့ကိုစိတ်မချမ်းသာစေမယ့် ဘယ်အရာကိုမှမလုပ်ပါနဲ့"

လျှို့ရွှီက သူ့ဆီကပုလင်းကိုယူလိုက်တယ်
"ဟုတ်ကဲ့"

ထိုလူဟာ မကြာမီထွက်သွားတယ်

လျှို့ရွှီဟာလည်း ကြွေပုလင်းကိုယူပြီး ခန​လောက်အကြာမှာ ထွက်သွားတယ်

ရှီရှန်းဟာ  မူလဇာတ်​ကြောင်းမှာ လျှို့ရွှီဟာ ဖူယိယွင်ကို အဆိပ်ခတ်ခဲ့မှန်းသတိရသွားတယ်။ ဒါကဝတ္ထုရဲ့အထွတ်အထိပ်ဖြစ်ခဲ့တယ်။

ထိုအဆိပ်ဟာ အလွန်အစွမ်းထက်ပြီး ဖြေဆေးမရှိပါ။ ပိုင်​လော့ဟာ  သူမရဲ့သွေးကိုလဲလှယ်လိုက်တာကြောင့်သာ သူ အသက်ရှင်ကျန်ရစ်ခဲ့တာဖြစ်တယ်၊ သို့​ပေမယ့် ရလဒ်က​တော့ သူမရဲ့အသွင်သဏ္ဍာန်ကိုရုပ်ဆိုးသွားစေခဲ့တာပဲ

ဒီလို၀တ္ထု​တွေမှာ သွေးအမျိုးအစားများကိုထည့်သွင်းစဉ်းစားစရာမလိုဘူး​လေ
ရှီရှန်းပိုသိချင်သောအရာက သူတို့သွေးဖလှယ်ကြပုံသာဖြစ်တယ်

ရှီရှန်း က ဖူယိယွင်လည်းဒီမှာရှိနေတာကိုတွေ့ခဲ့ရတယ်။ လျှို့ရွှီကဘာမှမဖြစ်ခဲ့သလိုပဲဟန်ဆောင်ပြီးသူ့ဘက်ကိုပြန်လာပြီးသူနဲ့အရမ်းရင်းနှီး​နေပုံရတယ်။

ရှီရှန်းရပ်​နေတဲ့​နေရာက အလွန်ဝေးလွန်းတာကြောင့် သူတို့ဘာပြောနေမှန်း မကြားရဘူး

ခေါင်းဆောင်များဟာ တိ​တောင်ကုန်း နှင့်အနီးဆုံးနေရာတွင်ရပ်​နေကြပြီး သူတို့အသံများက အ​တော်​လေး တိုးညှင်းတာ​ကြောင့် အတွင်းစိတ်စွမ်းအင်ကိုအသုံးပြုနား​ထောင်ရင်​တောင် ကြားနိုင်မှာမဟုတ်ဘူး

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now