Arc 13.27

490 63 2
                                    

Unicode

ရှီရှန်းက သူမကို အားလုံးက လျစ်လျူရှုထားကြသလို ခံစား​နေရသည်။

'ငါကမှနတ်ဆိုးဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်ပါ​နော်?  မင်းတို့အားလုံးက ဘာကိစ္စ ကျန့်ကျန်းကိုပဲ ​ပြော​နေကြတာလဲ ဒီ​စောက်​ပေါက ငါ့ဆီကနေ အဓိက​နေရာကို ခိုးယူ​နေတာပဲ'

ရှီရှန်း က ကျန့်ကျန်းကို သူမနောက်ပို့လိုက်သည်။

"အရူးမ မင်းဘာလုပ်နေတာလဲ!"  ကျန့်ကျန်းက ရှီရှန်းကို ​ဒေါသတကြီး​ပြောလိုက်သည်။

"မင်း စကားအရမ်းများတယ်"  ရှီရှန်းက သူ့ကို အေးအေးဆေးဆေးပဲ ​ပြောလိုက်သည်။  "ရှေ့ကို ခြေတစ်လှမ်းထပ်လှမ်းတာနဲ့ မင့်ခွေးလေးကို ငါသတ်ပစ်မယ်"

မျှော်လင့်ထားသည့်အတိုင်း ကျန့်ကျန်း၏ ခန္ဓာကိုယ် ရပ်တန့်သွားပြီး လိမ်လိမ်မာမာ​လေး မတ်တပ်ရပ်​နေ​တော့သည်။
သို့​သော်လည်း ပါးစပ်က​နေ အဆက်မပြတ် ရန်​တွေ့ခြင်းကို​တော့  မရပ်တန့်နိုင်​ပေ။

"မင်းက မိန်းက​​​လေးပဲ ငါ့​နောက်​မှာ​နေစမ်းပါ"

"ဘာလဲ မင်းက လူသားဒိုင်းလုပ်​ပေးချင်လို့လား "

ကျန့်ကျန်းက ဒေါသအလွန်ထွက်သွားပြီး ​မြေကြီးကို ​ခြေ​ထောက်နဲ့ ​ဆောင့်ချင်လာသည်။ 
"ငါ့ကို အထင်မသေးစမ်းနဲ့!  ငါက အခုလက်ရှိမှာပဲ မသန်မာ​သေးတာ!"

ရှီရှန်း ပုခုံးတွန့်လိုက်သည်။
"ဒါပေမယ့် အခု တိုက်ခိုက်နေတာ​​လေ"

ကျန့်ကျန်းလည်း လုံး၀တိတ်ဆိတ်သွားပြီး အသာအယာချထားတဲ့ လက်များက လက်သီးဆုပ်များအဖြစ် ​ပြောင်းလဲသွား​တော့သည်။

"ဂိုဏ်းချုပ် မဆင်မခြင်မနေနဲ့"  ထင်ဖုန်းကသူ့ကို ခပ်တိုးတိုးသတိပေးသည်။

"သူမသာ ငါ့​ရှေ့မှာရပ်​နေ​ပေးရမယ်ဆိုရင် ငါ့ကို ဘယ်လို​လုပ်ပြီးယောက်ျားလို့​ခေါ်လို့ရမှာလဲ" ကျန့်ကျန်းက စိတ်လက်ပျက်​ပြောလိုက်သည်။

"ဂိုဏ်းချုပ်…" ထင်ဖုန်းက သူ့ကို စိုးရိမ်စွာ ကြည့်​နေ၏။ 
"မိန်းက​လေး၀ူကျန်းက တော်တော်သန်မာတယ် အခု မင်းမှာ တခြားရွေးချယ်စရာမရှိဘူး... ဒါပေမယ့် နောက်ထပ်နှစ်ဝက်ပြီးတာနဲ့ မင်း သူ့ရှေ့မှာ ရပ်တည်နိုင်လိမ့်မယ်"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now