Arc 12.9

3.6K 588 1
                                    

Unicode

ရှီရှန်းက လေကို သုံးကြိမ်လောက်ရှူသွင်းလိုက်ထုတ်လိုက်လုပ်ပြီးတော့ ပြောတယ်
"သူဝယ်တာလေ, အဲဒီတော့ သူ့ကိုသာသွားရှာပါ"

'ဒီကောင်, ဘယ်အချိန်တုန်းက ဝယ်ပြေးတာလဲ ငါသတိလည်းမထားမိပါလား ဝယ်တုန်းကဝယ်ပြီးထွက်ပြေးချင်တယ်ပေါ့ ငါကဘာကိစ္စသူ့အတွက် ငွေချေပေးရမှာလဲ သေချင်နေတာလား'

၀န်ထမ်းက ကြောင်သွားတယ်
"ဒါပေမဲ့ မစ္စတာယွိက သူ့အစားမင်းပေးလိမ့်မယ်လို့ပြောခဲ့တာပါ ခင်ဗျ"

'ချီးမို့ သူ့အစားပေးရမလားဟ, ငါပေးရင်ရော သူကငည့ကိုပြန်ပေးမှာကျနေတာပဲ ဖီး  မပေးနိုင်ပါဘူး'

[ကွင်းဆက်မစ်ရှင်: ယွိကျိုကို ကူညီပါ]
systemရဲ့အသံက အချိန်ကိုက်ထွက်လာတယ်

'system နင်ငါ့ကို ခနခနဒီလိုလုပ်နေရင် ငါနင့်ကို အပိုင်းပိုင်းဖြစ်အောင်ခုတ်ပစ်မှာ'

[.......]
'သူဒီလိုပြောနေတာ တစ်ခါနှစ်ခါမှ မဟုတ်တာ ငါအသားကျနေပါပြီ'

"ဘယ်လောက်ကျတာလဲ"

"သုံးသန်းပါ"

'သုံးသန်းတောင်!! ဘာပစ္စည်းဝယ်သွားတာကြောင့် သုံးသန်းတောင်ပေးရမှာလဲ?!'

ရှီရှန်းမှာ ပိုက်ဆံမပါလာဘူး

"ကျွန်မမှာ ပိုက်ဆံမရှိဘူး"
ရှီရှန်းရဲ့ မျက်နှာက သေးသိမ်နေတယ်
"ကျွန်မက ရှင့်အတွက်ချမ်းသာတဲ့ပုံစံပေါက်နေလို့လား''

၀န်ထမ်း"....."
'မင်းပုံရိပ်က ဒီလောက်ကောင်းနေတာကို သေချာပေါက်မင်းက ချမ်းသာတဲ့ပုံစံပေါက်တာပေါ့'

"ပြီးတော့ ကျွန်မကကျောင်းသူအဆင့်ပဲရှိသေးတာ သုံးသန်းတော့မရှိဘူး သုံးရာပဲရှိတယ် ယူမလား"

၀န်ထမ်း"....."
'ဟမ်....  ပွဲရဲ့ဖိတ်ကြားစာကိုရတဲ့သူတွေက အနည်းဆုံးသန်းတစ်ရာအထက်ရှိတဲ့သူတွေပဲရတယ် မင်းမှာမရှိရင်တောင် မင်းမိဘတွေမှာရှိလိမ့်မယ်'

အခမ်းအနားမှူးက ဘာလုပ်ရမလဲမသိတာကြောင့်မန်နေဂျာကိုပဲခေါ်လိုက်တယ်

"မင်းမှာ ပိုက်ဆံမရှိဘူးဆိုရင်လည်း ဘာလို့ဒီကိုလာနေသေးတာလဲ..ကျားရင်း မင်းရဲ့သူငယ်ချင်းက လူလိမ်တော့မဟုတ်ဘူးမလား''

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now