Arc 13.31

413 65 0
                                    

Unicode

ကျိုးဟန်က ဤကိစ္စကို တာ၀န်ရှိသူမှာ တတိယသခင်ကြီးကျိုး ဖြစ်သည်ဟု အခိုင်အမာပြောခဲ့သည်။  ထိုအမည်စာရင်းများမှလွဲ၍ ရှန့်ရှင်းဟိုင်သည် အခြားအထောက်အထားများကို ထုတ်မပြနိုင်ခဲ့သောကြောင့် အခြေအနေမှာ ရှေ့မတိုးနောက်မဆုတ်ဖြစ်ခဲ့ရသည်။

"ကျွန်မမှာအကြံတစ်ခုရှိတယ် ကြိုးစားကြည့်ချင်လား"

အမျိုးသမီးတစ်ဦး၏ ပြတ်သားသော အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သဖြင့် လူတိုင်း၏အကြည့်သည် သူမ၏ပုံရိပ်ကို ဂရုမစိုက်ဘဲ ကုလားထိုင်ပေါ်တွင်ထိုင်နေသော အမျိုးသမီးဆီဦးတည်သွားကြသည်။

"ကျေးဇူးပြုပြီးပြောပါ မိန်းက​လေး ၀ူကျန်း"  ကျိုးဟန်စကားမပြောမီ ရှန့်ရှင်းဟိုင်အမြန်ပြန်ဖြေလိုက်သည်။

ရှီရှန်းက ပြုံးလိုက်သည်။
"ဒီမှာ အမှန်တရား​ပြော​ဆေးရည်ရှိတယ် စမကြည့်မလား ရွာသူကြီးကျိုး"

"မင်း ငါ့ကို အဆိပ်ပေးရင် ဘယ်လိုလုပ်မလဲ"  ကျိုးဟန် က မသိမသာ တုန်လှုပ်သွားသည်။

ရှီရှန်းက လှောင်ပြောင်လိုက်သည်။
"ကျွန်မ ရှင့်ကို အဆိပ်ခတ်ချင်ရင် ရှင် အခုချိန်ထိရပ်နေနိုင်အုံးမယ်လို့ ထင်လား"

၀ူကျန်းသည် ဆေး၀ိ​ဇ္ဇာဖွာဖွား၏ တပည့်ဖြစ်ပြီး အဆိပ်ပညာရပ်တွင်
အနှိုင်းမဲ့သော အတတ်ပညာကို ပိုင်ဆိုင်ထားသည်ကို လူတိုင်း မေ့လုနီးပါးဖြစ်​နေကြပြီး ကျိုးဟန်က​တော့ ဒါကို မှတ်မိနေပုံရသည်။

"ရွာသူကြီးကျိုး ဒါက မင်းရဲ့အပြစ်ကင်းကြောင်းသက်သေပြဖို့ အရိုးရှင်းဆုံးနည်းလမ်းပဲ"

ကျိုးဟန်၏အမူအရာသည် ချက်ချင်းပင် ဟန်မ​ဆောင်နိုင်လောက်အောင် ​ပြောင်းလဲသွားသည်။

ကျိုးဟန်မှာ ဖုံးကွယ်စရာ ဘာတစ်ခုမှ မရှိဘူး ဆိုရင် ဘာကိုမှကြောက်နေမှာ မဟုတ်​ပေ။

"ရွာသူကြီးကျိုး မိန်းက​​လေး၀ူကျန်းရဲ့ အကြံပြုချက်ဟာ သင့်​လျော်တယ်လို့ ကျွန်တော်ထင်ပါတယ်  ခင်ဗျား စိတ်​ပူရင်​ ကျွန်​တော်ပါ ခင်ဗျားနဲ့ အတူတူ လိုက်​​သောက်လို့ရတယ်​"  ရှန့်ရှင်းဟိုင်က အဆိုပြုသည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now