Arc 15.22

176 31 0
                                    

Unicode

ရှီရှန်းသည် နံရံကိုမှီကာ သူမရှေ့ရှိ စာအုပ်စင်ကို စိုက်ကြည့်နေသော်လည်း ထိုညက မင်ကျင့် ပြောသည့်စကားကြောင့် သူမစိတ်ထဲတွင် မွန်းကြပ်နေသည်။

'သူ့မှာ မှတ်ဥာဏ်တွေ ရှိ​နေတာလား?  မဟုတ်ဘူး အဲ့ဒါ မဖြစ်နိုင်ဘူး'
ရှီရှန်း က ခေါင်းခါလိုက်သည်။

'မှတ်ဥာဏ်တွေသာရှိ​နေရင် သူနှုတ်ဆိတ်နေမှာမဟုတ်ဘူး  ဒါ...သူငါနဲ့ အတူကမ္ဘာပေါင်းများစွာကို ဖြတ်သန်းခဲ့ရလို့များလား'

ထိုညက မင်ကျင့်ကို ဖုန်းစီ ဖြစ်ကြောင်း သူမ သိခဲ့ရပြီးဖြစ်သည်။  အဘယ်ကြောင့်ဆိုသော် သူမသည် သူ့အပေါ်၌ ပျော့ပျောင်းသော အရှိန်အ၀ါတစ်ခုကို ခံစားမိသောကြောင့်ပင်။

ချင်​ကောနဲ့ကမ္ဘာကတည်းက သူမမှာ ဒီခံစားချက်ကို စတင်ခံစားလာရတာဖြစ်သည်။

'ဒါဆို ငါတို့ ဖြတ်သန်းရတဲ့ ကမ္ဘာတွေ ပိုများလာ​လေ​လေ ဒီအရှိန်အ၀ါက ပိုအားကောင်းလာ​လေ​လေဖြစ်လိမ့်မယ်'

ဘုတ် !

တစ်စုံတစ်ခု ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး စူးရှသောအသံက ရှီရှန်း၏အတွေးရထားကို ဖြိုခွင်းလိုက်သည်။  ဆူညံသံလာရာဘက်ကို လှည့်ကြည့်လိုက်​တော့ ကလေးလေးတစ်ယောက်က စာအုပ်စင်နောက်ကွယ်တွင် ရပ်နေပြီး ရွှန်းစိုနေသော မျက်၀န်းများဖြင့် သူမကို စိုက်ကြည့်နေကြသည်။

ရှီရှန်း သူ့ကိုကြည့်လိုက်သည်နှင့် က​လေးက  ချက်ချင်းလှည့်ထွက်ပြေးသွား၏။

ရှီရှန်း"…"

'ငါက ဒီလောက်​တောင်ကြောက်စရာကောင်းနေတာလား ဘုရား​ရေ!'

ရှီရှန်းက စာအုပ်ကို စင်ပေါ်ပြန်တင်ပြီး လှည့်ထွက်သွားတယ်။  သို့သော် သူမ၏ဆံနွယ်များသည် နောက်က ပန်းချီကားတစ်ချပ်နှင့် မတော်တဆ ညိမိသွားကာ ပန်းချီကားတစ်ခုလုံးကို နံရံပေါ်မှ ပြုတ်သွားစေသည်။

"ချွက်!"

'*စားပွဲ​မှောက်* မုဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတာ တကယ်ဟ!'

ရှီရှန်းသည် သူမ၏ဆံပင်များကို ပြန်ဖြီးလိုက်ပြီး မျက်လုံးများ ရုတ်တရက် တောက်ပလာကြသည်။  သူမသည် ယခင်က စာအုပ်များကိုသာ ကြည့်နေခဲ့​သော်လည်း ဤနေရာတွင် စစ်ဆေးရန် ပန်းချီကားများနှင့် နံရံများလည်း ရှိသေးသည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now