Arc 12.21

3.3K 569 4
                                    

Unicode

ယွိကျို နိုးလာတဲ့အခါမှာ သူ့ကိုယ်သူ ဆေးရုံကုတင်ပေါ်မှာလဲနေတာကို သိသွားတယ် သူ့ဒဏ်ရာတွေ အားလုံးကလည်း ကုသပြီးသွားပြီ သူ့လူတစ်ယောက်ကိုပဲတွေ့ရပြီးတော့ ရှီရှန်းကို မတွေ့ရဘူး

"သူမ ဘယ်မှာလဲ"

သူပထမဦးဆုံးမေးတဲ့ မေးခွန်းက သူမအကြောင်းပဲ

ထိုလူက ဘေးဘီကိုကြည့်တဲ့ပုံစံပြပြီး စာပွဲခုံနားကို လက်ညှိုးထိုးပြတယ်

ယွိကျိုက လှည့်ကြည့်တယ် သူမဆိုဖာပေါ်မှာ အိပ်နေပြီးတော့ တော်တော်လေးပင်ပန်းနေပုံရတယ်

"သူမကို ငါ့ဆီခေါ်လာပေးပါ''

"အမ်"

"သူမကို ဒီကိုခေါ်လာ"

ယွိကျိုက နောက်တစ်ခေါက်ထပ်ပြောတယ်

မုတ်ဆိတ်မွှေးနဲ့လူက အဲ့နေရာကိုသွားပြီး ချီတုံချတုံနဲ့ ရှီရှန်းကိုထိလိုက်တယ် သူမမနိုးတာသေချာမပြီး

သူမကို ပွေ့ချီလိုက်တယ်

ရှီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး နိုးတော့မလိုပဲ ဒီလိုနဲ့ထိုလူက အလျင်အမြန်သူမကို ယွိကျိုဆီ ထားပေးလိုက်တယ်

ရှီရှန်းက ထပ်အိပ်ပျော်သွားပြီး ယွိကျိုနားကို ကပ်သွားတယ် သူမကို သူ့ရင်ခွင်ထဲထည့်ထားတာကြောင့် ကျောနောက်ဘက်က ဒဏ်ရာက အနည်းငယ်နာလာသလိုခံစားရတယ်

"သခင်လေး"

"ငါအဆင်ပြေတယ်"

ယွိကျိုက အသံဖျော့ဖျော့လေးနဲ့ လက်ဝှေ့ပြလိုက်တယ်

မုတ်ဆိတ်မွေးနဲ့လူက မေးတယ်

"သခင်လေး ဘာတွေဖြစ်ခဲ့တာလဲ"

'အဲ့ပေါက်ကွဲမှုက ဘယ်လိုဖြစ်တာလဲ သူမသခင်လေးကိုပေးတဲ့ ခရမ်းရောင်အလုံးလေးတွေကရော ဘာတွေလဲ'

ယွိကျိုရဲ့အကြည့်တွေက ရုတ်တရပ်အေးစက်သွားပြီးတော့ သူလေသံက သတိပေးနေတဲ့ပုံစံဘက်ကိုပြောင်းသွားတယ်

"ဒါကို အခြားလူရှေ့မှာ ထုတ်မပြောမိစေနဲ့ဘဒီစကားကို မင်းအုတ်ဂူထဲရောက်တဲ့အထိ မှတ်ထားပါ"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now