Arc 13.17

2.4K 345 2
                                    

Unicode

ဘန်း!
ဖူယိယွင်လဲကျသွားပြီး သူ့ရဲ့အဖြူရောင်အ ၀တ်များဟာ သွေးများနဲ့ နီစွတ်နေပြီ  လေထုထဲမှာလည်း သွေးနံ့များလွင့်ပျံ့လာ​လေတယ်

ရှီရှန်းက​တော့ ပြိုင်ကွင်း​ပေါ်ကို ပျံ၀ဲဆင်းလာပြီး သူမရဲ့ စကတ်ရှည်ဟာလည်း ပန်းတစ်ပွင့်ကဲ့သို့ ​ဝေ့ဝဲနေ​လေတယ် သူမရဲ့ဓားရှည်ဟာ သွေးများနဲ့ စွန်းထင်း​နေပြီး ကွင်းမျက်နှာပြင်ပေါ် ​ထောက်လိုက်တဲ့မကြာမီမှာ သွေးအိုင်ငယ်တစ်ခုကို ဖန်တီးလိုက်တယ်

"၀ူကျန်း ... " ဖူယိယွင်က သူ့ရင်ဘတ်ကိုဆုပ်ထားပြီး သူမကို​မော့ကြည့်လိုက်တယ်

ရှီရှန်းရဲ့ ခေါင်းက သူ့ကို ငုံ့ကြည့်နေသကဲ့သို့အနည်းငယ်နိမ့်သွား​ပေမယ့်လည်း သူမမျက်လုံးထဲမှာ သူ့ကိုယ်သူမမြင်ရဘူး

သူမဟာ သက်မဲ့၊ သက်မဲ့အရာဝတ္ထုတစ်ခုကိုကြည့်နေပုံနဲ့ တူ​နေတယ်

သူမဟာ ဒီကမ္ဘာရဲ့ တစ်ဦးတည်းသော အုပ်စိုးသူ ဖြစ်​နေသကဲ့သို့ ပတ်ဝန်းကျင် တစ်ခုလုံးကလည်း ရီ​ဝေ​နေ​လေတယ်

ဖူယိယွင်ဟာ ဒီအတွေးကြောင့် အံ့အားသင့်သွားတယ်  သူ့ခေါင်းထဲ ဘာကြောင့် ဒီလို ထင်မိသွားမှန်းသူမသိဘူး

"၀ူကျန်း၊ မင်းက သိုင်းလောကတစ်ခုလုံးနဲ့ရန်သူ ဖြစ်ချင်တာလား " ကွင်းအောက်​ခြေက လူအုပ်ကြီးက  ဖူယိယွင်ကို ကယ်တင်ဖို့အတွက် သူမရဲ့ အာရုံစိုက်မှုရအောင် အော်ဟစ်လိုက်တယ်

ရှီရှန်းက သူတို့ကိုသဘာဝကျစွာပဲ အခွင့်အရေးမပေး​လေဘူး။ ထိုလူအော်သံပြီးတာနဲ့ သူမရဲ့ဓားက ဖူယိယွင်ရဲ့ ရင်ဘတ်ထဲကို နစ်ဝင်သွားတယ်

သူမဟာသူမရဲ့ဓားကိုသူ့ရဲ့ရင်ဘတ်မှာတစ်ဝိုက်လှည့်လိုက်ပြီး ဖူယိယွင် ရဲ့မျက်နှာကိုဖြူဖျော့သွားစေခဲ့တယ်။ သူ့ရဲ့ အဖြူရောင်အဝတ်အစား​တွေက​နေ သွေး​တွေစိမ့်ထွက်လာပြီး ရင်ဘတ်တစ်ခုလုံးနီရဲကာသေဆုံးသွား​တော့မ​ယောင် ထင်ရတယ်

ရှီရှန်း ကသူမရဲ့ဓားကိုပြန်ထုတ်လိုက်ပြီးသူ့ကိုထပ်ထိုးဖို့ကြံစည်နေတယ်၊ ​​အဲ့ဒီအချိန်မှာပဲ သူမနောက်​ကျောကို မ​ရေမတွက်နိုင်တဲ့အရာ​၀တ္ထုငယ်တွေအများကြီး ဦးတည်ပျံသန်းလာသလို အသံတွေကိုကြားလိုက်ရတယ်။
သူမလှည့်ပြီး ဓားကိုဝှေ့ယမ်းလိုက်တဲ့အခါ မရေမတွက်နိုင်လှစွာ​သော ငွေရောင်အပ်ငယ်များက မြေပေါ်ကိုပြုတ်ကျသွားကြတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now