Arc 13.29

501 64 0
                                    

Unicode

နောက်တစ်နေ့ ဖူယိယွင်နိုးလာသောအခါ လျို့ရွှီနှင့် ဓါးနှစ်ပျောက်ဆုံး​နေ​ကြောင်း တွေ့လိုက်ရသည်။

  သူ့ရဲ့ ပထမဆုံး အတွေးက​ လျို့ရွှီလည်းပြန်​ပေးဆွဲခံလိုက်ရပြီဟုပင်။

သူမကို တစ်စုံတစ်​ယောက်များ တွေ့မိလိုက်​သေးလားဟု မေးရန် စိတ်လှုပ်ရှားစွာနဲ့ အောက်ထပ်ကိုဆင်းလာခဲ့သည်။

လူအများစုက သူမလို ချစ်စဖွယ် မိန်းမပျို​​လေးကို မှတ်မိ​ကြသည်။ 

သို့သော် ရလဒ်က  ဖူယိယွင်ကို ထိတ်လန့်သွားစေသည်။

မနေ့ညက လူတစ်ယောက် အရက်သောက်သောက်ပြီး အပြန်တွင် တည်းခိုခန်းမှ ခက်သုတ်သုတ်ထွက်သွားသော လျို့ရွှီကို ​တွေ့လိုက်သည်။အရက်အလွန်အကျွံသောက်ထားတာကြောင့် သူမမှာ ဓါးပါသွားသလား​တော့ မမှတ်မိ​ပေ။

သို့​သော် လူတစ်​ယောက်မျှထပ်၀င်လာခြင်းမရှိ​သော တည်းခိုခန်းတွင် ဓါးကို လျို့ရွှီ ခိုးယူသွား​ကြောင်း ဖြစ်နိုင်ချေ 80% ​လောက်ရှိသည်။

သိုင်း​လောကတွင် ဖူယိယွင်နာမည်ကြီးမလာခင်ကတည်းက ဓါးကို ရရှိခဲ့ခြင်း ဖြစ်သည်။လူနည်းစုကသာ သူ့ရဲ့  နောက်ခံအကြောင်းကို သိကြပြီး  ချို့ယွင်းချက်မရှိ​သော ဓားရေးနည်း​ကြောင့် ​လောက နံပါတ်တစ် ဓားသမားဖြစ်လာခဲ့သည်။

သို့သော်  ​လောကနံပါတ်တစ်ဓားသမား၏ ဓားကို အမျိုးသမီးတစ်ဦးက ခိုးယူသွားခဲ့ပြီဖြစ်သည်။

ယခုအချိန်သည် နတ်ဆိုးဂိုဏ်း၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်​နေရသဖြင့် အတွင်း​ရေးရန်ပွဲများကို ဘေးဖယ်ထားရမည့်အချိန်ဖြစ်သော်လည်း ပွဲကောင်းကောင်းကို တိတ်တဆိတ် ကြည့်ရှုနေသူအချို့လည်း ရှိပါသေးသည်။

ဖူယိယွင်သည် သူတို့၏ သရော်လှောင်ပြောင်မှုကို ကိုင်တွယ်ဖြေရှင်းရန် ခွန်အားမရှိပေ။  လျို့ရွှီက သူ့ဓားကို ဘာ့​ကြောင့်ခိုးယူနိုင်သွားမှန်း ​သူ သေချာသ​ဘောမ​ပေါက်​သေး။

ထို့​နောက် သူ့ရင်ဘတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက် သွေးများ ပါးစပ်ထဲက ထွက်လာသည်။
"အာ့!"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now