Arc 13.1

5.3K 538 22
                                    

Unicode

ရှီရှန်းဟာ System Space ကိုပြန်ရောက်တဲ့အခါ သူမပြုလုပ်​နေကြအတိုင်း ဓါးတစ်​ချောင်းနဲ့​သောင်းကျန်းခြင်းကိုပြုခဲ့တယ်။ systemခမျာ​တော့ ချောင်းကြည့်ဖို့​တောင်မရဲဘူး။ ရှီရှန်း ရဲ့ ​သောင်းကြမ်းမှု ပြီးဆုံးတာနဲ့ တစ်ပြိုင်နက် သူမရဲ့ ရမှတ်ဇယား ကိုပြသ​တော့တယ်

အမည်:  ရှီရှန်း

ကိုယ်ကျင်တရားရမှတ်:  _147,000

အသက်အမှတ်:  40

အကူအညီရမှတ်: 30,000

မစ်ရှင်အဆင့်:B

မစ်ရှင်ရမှတ်: 95

လျို့ဝှက်မစ်ရှင်:ပြီးဆုံး

လျို့ဝှက်မစ်ရှင်ဆုလဒ်:2000 အကူအညီရမှတ်

အပိုမစ်ရှင်:ပြီးဆုံး

အပိုမစ်ရှင်ဆုလဒ်:4000အကူအညီရမှတ်

ပစ္စည်းစာရင်း: "ဘုရင်မသရဖူ", "တစ္ဆေဘုရင်၏နှလုံးသား"

'အိုးအိုး! ငါ့ရဲ့ကိုယ်ကျင့်တရား ရမှတ် တွေကကျသွားရမယ့်အစား တိုးလာတာလား။ ငါ ဘယ်သူ့ကို ကူညီခဲ့ဖူးလို့လဲ

[ယန်​ဟွေ့ရန် နဲ့ စိန်သိုက် ] Systemကနာခံစွာပြန်ဖြေတယ်

ရှီရှန်က လှောင်ပြောင်ရယ်မောလိုက်တယ်
"ရှန့်ကျားရင်း နဲ့ ရင်း​မော့တို့  ဘယ်လိုအဆုံးသတ်သွားလဲ"

[ရှန့်ကျားရင်းက သူမရဲ့ဘ၀ တစ်လျှောက်လုံး ရှန့်မိသားစုရဲ့ချုပ်ခြယ်ခံရပြီး သူမရဲ့ စွမ်းရည်ကိုလည်း ရှန့်မိသားစုအတွက် ငွေရှာ​ပေးရင်းနဲ့ကုန်ဆုံးခဲ့ရတယ် ရင်း​မော့အတွက်က​တော့ ... ယွိကျိုကသူ့ကို အပြတ်ရှင်းခဲ့တယ်​လေ ]

ရှီရှန်း မျက်ခုံးပင့်လိုက်တယ်
'ငါကဘာလို့သတိမထားမိတာလဲ ရင်း​မော့ကိုကိုင်တွယ်ဖို့ မလွယ်ကူဘူးမဟုတ်လား။'

[ဟုတ်တယ် ဒါ​ပေမယ့်ယွိကျိုပုံမှန်မဟုတ်တဲ့တိတ်ဆိတ်နေတဲ့အချိန်တစ်ခုရှိတယ်​လေ  hostသတိမပြုမိဘူးလား ]
Systemက ရှီရှန်း ကိုသတိပေးလိုက်တယ်။

ယွိကျိုက သူမတို့လက်ထပ်ပြီးပြီးချင်း အချိန်အတော်အတန်မှာ အ​တော်​လေးလိမ္မာ​နေခဲ့ပြီး သူမကိုလည်း အရင်ကလို စ​​နောက်တာမျိုးမရှိခဲ့ဘူး

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now