Arc 15.18

942 107 10
                                    

Unicode

"သခင်မ ကျွမ့်သခင်ကြီး လာပါတယ်"

ရှီရှန်း အိပ်ရာဝင်ခါနီးတွင် ထောင်ချင်းကအနည်းငယ်စိုးရိမ်​နေသောမျက်နှာထားဖြင့် အပြင်မှ ရုတ်တရက် ပြေးဝင်လာခဲ့သည်။

"သူက ဘုရင့်အ​နောက်​ဆောင်ထဲကို  ဒီလိုပဲဝင်လာနိုင်တယ်လား"
ရှီရှန်းအံ့သြသွားသည်။ 

'ဒီကျွမ့်သခင်ကြီး က တော်တော်တတ်နိုင်တာပဲ!'

ကျွမ့်အိမ်​တော်သည် ယခင်ကကဲ့သို့ သူမထံ စာများ အဆက်မပြတ် ပေးပို့​နေစဲဖြစ်သော်လည်း ရှီရှန်းက ၎င်းတို့ကို ၀ဋ်​ကျေတန်း​ကျေ  သို့မဟုတ် လုံးဝမတုံ့ပြန်ခဲ့​ပေ။

သူမဘေးနားရှိ သူလျှိုအားလုံးကို ရှင်းထုတ်လိုက်ပြီဖြစ်သောကြောင့် ကျွမ့်သခင်ကြီးက စိတ်မ​အေးနိုင်တော့ပေ။  ထုံးစံအတိုင်း သူက နန်းတော်ထဲသို့ ခိုးဝင်လာ​တော့သည်။

တရား၀င်မဟုတ်တာ​ကြောင့် ကျွမ့်သခင်ကြီးက အလွန်သတိထားနေခဲ့ပြီး အခန်းထဲ ဝင်လာပြီးသည့်တိုင် ပတ်ပတ်လည်ကို ဂရုတစိုက် ကြည့်နေဆဲဖြစ်သည်။

"​ရှောင်ချုံ" 
ရှီရှန်းက သူ့ကို နှုတ်ဆက်ဖို့ ရည်ရွယ်ချက်မရှိဘဲ ထိုင်နေတာကို မြင်လိုက်ရတော့ ကျွမ့်သခင်ကြီးက မျက်နှာပျက်သွား​တော့သည်။

"..သခင်မ.."
ထောင်ချင်းသည် သူမကို မျက်လုံးများဖြင့် အလျင်အမြန်စကား​ပြောရန် ကြိုးစားရင်း ကျွမ့်သခင်ကြီးကိုလည်း အနည်းငယ်ကြောက်နေပုံရသည်။

ရှီရှန်းက  မော့ကြည့်ကာ တည်ငြိမ်သော အသံဖြင့်ပြောလိုက်သည်။
"ဘုရင်မင်းမြတ် သိသွားမှာကို အ​ဖေမကြောက်ဘူးလား"

ရှီရှန်း သူ့အတွက် စိုးရိမ်ပူပန်နေသည်ဟု ထင်တာကြောင့် ကျွမ့်သခင်ကြီး၏အမူအရာမှာ တည်ငြိမ်သွားသည်။

"အဖေ မင်းကိုလာ​တွေ့တာ" 
ကျွမ့်သခင်ကြီးက ရှေ့သို့ ခြေလှမ်းအနည်းငယ် ရွှေ့လာသည်။

"မင်း နေကောင်းရဲ့လား?"

"ဒီ​မေးခွန်းကို ​မေးစရာလို​သေးလို့လား အဖေ" 
သူမနန်း​ဆောင်ရှိလူများကို ထုတ်ပယ်ထားသော်လည်း ကျွမ့်အိမ်​တော်၏ သူလျှိုများကို အနီးပတ်ဝန်းကျင်တွင် နေရာချထားဆဲဖြစ်သည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Waar verhalen tot leven komen. Ontdek het nu