Arc 15.2

2.5K 260 25
                                    

Unicode

ရှီရှန်းတစ်ယောက် ဇာတ်ကြောင်းသိပြီးနောက်မှာ နိုးထလာခဲ့တော့တယ်။ သူမက ပန်းပွင့်ပုံထွင်းထုထားတဲ့ ခုတင်ကြီးတစ်ခုထက်မှာ လဲလျောင်းနေခဲ့ပြီး အခန်းနဲ့ခုတင်ကြားမှာကာထားတဲ့ လိုက်ကာတွေမှတဆင့် အပြင်မှာမတ်တပ်ရပ်နေတဲ့ အစေခံတွေကို ဝေဝေဝါးဝါး လှမ်းမြင်လိုက်ရတယ်။

ထို့နောက် အိပ်ရာအမိုးကို စိုက်ကြည့်ရင်း…
‘ငါရောက်လာတဲ့အချိန်က နောက်မကျသေးဘူးထင်တာပဲ..’

ဒီအချိန်က ဇာတ်လိုက်မ,ဝိဉာဉ်ကူးပြောင်းလာပြီး အအေးနန်းဆောင်ကို ရောက်နေတဲ့အချိန်ပဲ ဖြစ်ရမယ်။ အခုလောက်ဆိုရင် အမျိုးသားဇာတ်လိုက်ကို ဆွဲဆောင်ဖို့ အစီအစဉ်တွေ ဆွဲနေလောက်ပြီ။

ဒီဇာတ်ကြောင်းရဲ့ဇာတ်လိုက်တွေက ရိုးသားသန့်ရှင်းတဲ့လူမျိုးတွေ မဟုတ်ဘူး။ ဇာတ်လိုက်ကောင်က အမျိုးသမီးတော်တော်များများနဲ့ အိပ်ခဲ့သလို ဇာတ်လိုက်မကလည်း တခြားအမျိုးသားတွေနဲ့ အိပ်ပြီးလောက်ပြီ။

ဖြူစင်ရိုးသားတဲ့ဇာတ်လမ်းမျိုးကို ဖတ်ချင်တဲ့စာဖတ်သူတွေအတွက်တော့ ဒီလိုဝတ္ထုမျိုးက တကယ့်ကိုရွံ့မုန်းဖွယ်ရာပဲ။
“သခင်မ, နိုးလာပြီလား..?”

ပုံရိပ်တစ်ခုက ကန့်လန့်ကာကိုဖြတ်ကာ ခေါင်းငုံ့ဝင်လာခဲ့ပြီး ရှီရှန်းကို တရိုတသေ မေးလာခဲ့တယ်။

“အင်း..”
ရှီရှန်းက ပြန်ဖြေလိုက်တယ်။
“ရှူး​ဖေးမယ်မယ် က ဇီးပန်းပွင့်တွေကိုရှုစားဖို့ ​တော်၀င်ပန်းဥယျာဥ်ကို ဖိတ်ခေါ်လာခဲ့ပါတယ်။ သခင်မ.. ဘယ်လိုထင်ပါသလဲ..?”

“ရှူး​ဖေး....? ဇီးပန်းပွင့်တွေကို ရှုစားမယ်..?’
ရှီရှန်းက ဇာတ်ကြောင်းပြန်စဉ်းစားကြည့်လိုက်တယ်။ သိပ်မကြာခင်မှာပဲ ဘာဖြစ်နေမှန်း နားလည်သွားခဲ့တယ်။

ရှူး​ဖေး က ကျွမ့်ချုံကို အမြဲတမ်း အတိုက်အခံလုပ်နေကျ။ ဒီနေ့ဖိတ်ခေါ်ခဲ့တာလည်း အကြောင်းတစ်ခုကြောင့်ပဲ။ ဒါပေမဲ့ အဆုံးသတ်မှာ ရှူး​ဖေးလည်း အကျိုးမရှိခဲ့ဘူး။ အဲ့အစား အမျိုးသားဇာတ်လိုက်ရဲ့ အာရုံကိုဖမ်းစားနိုင်ဖို့ ဇာတ်လိုက်မကို ကူညီမိလိုက်သလိုတောင် ဖြစ်သွားခဲ့သေးတယ်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now