ရှီရှန်းကသူမနှင့် အနီးဆုံး နံရံကို စစ်ဆေးခဲ့သော်လည်း ထူးထူးခြားခြား ဘာမှမတွေ့ရပေ။

သူမသည် ကျောက်စိမ်းမျှော်စင်ရှိ ပန်းချီကားအားလုံးကို ရှာဖွေခဲ့သော်လည်း တစ်စုံတစ်ရာကိုမှာ မ​တွေ့ရှိခဲ့ပေ။

'ငါ System ကို ဓါးနဲ့ခုတ်ချင်လာပြီ  သေရော!  ကျောက်စိမ်း​မျှော်စင် က ဘာကိုရည်ညွှန်းတာလဲ'

ရှီရှန်းမှာ ဘာတိုးတက်မှုမျှမရှိ​သေးပေ။

ထိုအချိန်တွင် ကောလဟာလများ ရုတ်တရက် ထွက်ပေါ်လာကြသည်။

သူမနှင့် မင်ကျင့် အကြောင်း။

တစ်စုံတစ်ယောက်က သူမတို့ လျှို့ဝှက်စွာ တွေ့ဆုံနေသည်ကို ထင်ရှားစွာ မြင်တွေ့ခဲ့ရသည်။
သူမသည် တော်၀င်မင်းဆရာ (အနည်းဆုံးအမည်ခံ) ဖြစ်နေပြီဖြစ်သော်လည်း ယခင်က ယွီ၀မ်ရှင်း ၏ ကိုယ်လုပ်တော်တစ်ပါးဖြစ်ခဲ့သေးသည်- အခြားအမျိုးသားများနှင့် မည်သို့ ပတ်သက်နိုင်မည်နည်း။ 

ဒီလိုကိစ္စမျိုးကို ​တော်၀င်မိသားစုကလုံးဝ လက်မခံနိုင်ပေ။
ဤအပြုအမူမျိုးတွင် ပါဝင်ပတ်သက်သူများကို ဝက်လှောင်အိမ်ထဲတွင်ထည့်ပြီး  ရေနစ်သတ်ခြင်းဖြင့် အပြစ်ပေးလေ့ရှိသည်။
ရလဒ်အနေဖြင့် ရှီရှန်းအား စွပ်စွဲပြစ်တင်ရန် အဆိုပြုချက်များကို ယွီ၀မ်ရှင်းထံ ပေးပို့ခဲ့ကြသည်။

"အရှင်မင်းကြီး ကျွမ့်ချုံနဲ့ မင်ကျင့် တို့ရဲ့ ဆက်ဆံရေးက ဒီလောက်မရိုးရှင်းဘူးဆိုတာ ကျွန်​တော်မျိုးသိတယ်  မင်ကျင့်က သူမဘက်က ရပ်တည်​ပေးခဲ့ပြီး အခုလည်း ဒီလို ကောလဟာလတွေတောင် ရှိနေပြီ"

ယွီ၀မ်ရှင်းက စွပ်စွဲပြစ်တင်ထားသည့်​လျှောက်လွှာကို ဘေးဖယ်ထားလိုက်ပြီး သူ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေပုံပေါ်သည်။

"ရှီးလျန်က မကြာသေးခင်အ​တောအတွင်း သိပ် အချိုးမ​ပြေဘူး  မင်ကျင့်ဘက်က တစ်ခုခုလှုပ်ရှားလုပ်​သေးလား"

'ပြည်တွင်းရေးပဋိပက္ခ​တွေ​ရော ပြည်ပပြဿနာတွေ​ရော... ငါ ကျွမ့်အိမ်​တော်ကို​တောင် မဖြေရှင်းရသေးဘူး ရှီးလျန်က မငြိမ်မသက်ဖြစ်နေပြီ'

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Nơi câu chuyện tồn tại. Hãy khám phá bây giờ