ဝမ်ချောင်ကတော့ ကီးဘုတ်တီးသူကို မမြင်သလို ရှဲ့ကျူရှင်းကို အရှေ့ခေါ်ထုတ်သွားတော့သည်။ "သွားမယ်၊ သွားမယ်။ အိမ်ပြန်ရအောင်။ ငါ မင်းကိုပြစရာလေးတစ်ခုရှိတယ်။"

ရှဲ့ကျူရှင်း : "... အင်း"

သူတို့နှစ်ယောက် ထွက်သွားဖို့လုပ်လိုက်သည်။

ကီးဘုတ်သမားမှ လှမ်းခေါ်လာ၏။ "ရှောင်ချောင်"

ဝမ်ချောင်က မကြားချင်ယောင်ဆောင်ချင်ပေမယ့် ရှဲ့ကျူရှင်းကတော့ ဆက်မသွားဘဲ နေရာမှာရပ်သွားခဲ့သည်။

ထို့ကြောင့်လည်း ဝမ်ချောင်တစ်ယောက် အနောက်လှည့်ကြည့်ပြီး ဆဲဆိုတော့သည်။ "ငါ မင်းကို အဲ့လိုရွံစရာကောင်းတာတွေ မခေါ်လာနဲ့လို့ပြောထားတယ်မလား။ ထပ်အရိုက်ခံချင်နေတာလား။"

ရှဲ့ကျူရှင်းလည်း ကီးဘုတ်တီးသူကို ပြန်လှည့်ကြည့်လိုက်သည်။

ကီးဘုတ်တီးသူကတော့ လူတိုင်း သူ့ကိုဝိုင်းအနိုင်ကျင့်ထားသလိုပုံစံဖြင့်ပြောလာသည်။ "အစကတော့ မင်းပဲ ငါ့ကို အဲ့လိုခေါ်ဖို့ပြောတာလေ။ အခုကျ မင်းက ရွံဖို့ကောင်းတယ်တဲ့လား။"

ဝမ်ချောင့်အတွက်ကတော့ ကြာလှပြီဖြစ်သည့်ကိစ္စတစ်ခုကို မမှတ်မိနေတော့။ သို့ပေမယ့် သူတို့နှစ်ယောက် ဘယ်လိုကွဲပြဲခဲ့သလဲဆိုတာကိုတော့ အခုထိမှတ်မိထားဆဲမို့ ချက်ချင်းတန်းပြန်ပြောလိုက်သည်။ "ချီးသွားစားလို့ ငါ မင်းကိုပြောခဲ့သေးတာပဲ။ ဘာလို့ အခုထိသွားမစားသေးလဲ။"

နောက်ဆုံးမှာတော့ ကီးဘုတ်သမား တိတ်သွားရတော့သည်။

ဝမ်ချောင်တစ်ယောက် ရှဲ့ကျူရှင်းပခုံးပေါ် သူ့လက်များတင်ထားလျက် အနောက်မှ ခပ်သာသာတွန်းရင်း သူတို့နှစ်ယောက်က ကလေးတွေ ရထားတွဲကစားနေကြသလို ဆိုင်ထဲမှထွက်သွားလိုက်သည်။

ကားသွားယူပြီးချိန်မှာတော့ ဝမ်ချောင်မေးလာခဲ့သည်။ "မင်း အခုနကမှ လေယာဉ်ပေါ်က ဆင်းတာလား။"

"နည်းနည်းတော့ကြာပြီ။"

ဝမ်ချောင် သူ့အိတ်ကပ်ထဲမှသော့ကို ဆွဲထုတ်လိုက်သည်။ "ဒါဆိုလည်း ငါပဲမောင်းလိုက်ပါ့မယ်။ မင်း နားလိုက်ဦး။ ငါ ဒီနေ့ ဘာအရက်မှမသောက်ရသေးဘူး။"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now