59

1.4K 206 8
                                    

[Unicode]

'မှန်'

အခန်းထဲမှထွက်လာပြီးနောက် သူတို့နှစ်ယောက်လုံး ကုမ္ပဏီသို့ပြန်သွားလိုက်ကြသည်။

ရှဲ့ကျူရှင်းကတော့ စိတ်ထဲ သိပ်မပျော်မရွှင်ဖြစ်နေတာမို့ ဝမ်ချောင်ကို အဖက်မလုပ်ချင်နေ။

မျက်နှာရိပ်မျက်နှာကဲမကြည့်တတ်သည့်ဝမ်ချောင်ကတော့ သူပြောလိုက်သည့်စကားများက တစ်ဖက်လူကို ခံရခက်စေလိမ့်မည်ဆိုတာမျိုး မတွေးမိဘဲ ပျော်ပျော်ကြီးပြောလာသည်။ "ပိုက်ဆံပဲဖြုန်းပြီးနေပြီကို ဘာလို့ရှုံ့မဲ့နေတာလဲ။ မင်း အဲ့တိုက်ခန်းဝယ်ဖို့ ပိုက်ဆံဘယ်လောက်သုံးလိုက်ရလဲ။ ငါ တစ်ဝက်စိုက်မယ်။"

ရှဲ့ကျူရှင်း သူ့ကို ပြန်ချေပပြောလိုက်သည်။ "မလိုဘူး။ တိုက်ခန်းပိုင်ဆိုင်မှုစာချုပ်မှာလည်း မင်းနာမည်ထည့်ထားတာမဟုတ်ဘူး။"

ဝမ်ချောင်ကတော့ ဘာမှမခံစားလိုက်ရ၊ သူက သူ့နာမည် ပါခြင်း၊ မပါခြင်းအား ဂရုထားလှတာမဟုတ်။ "တကယ်မလိုဘူးလား။ နောင်တမရနဲ့နော်။"

ရှဲ့ကျူရှင်း သူ့ဘာသာတွေးမိသွားသည်။ 'နောင်တအရဆုံးကတော့ မျက်စိကန်းပြီး မင်းကိုကြိုက်မိသွားတာပဲ။'

ဝမ်ချောင် သီချင်းစာသားအချို့ညည်းနေရင်း ဂရုမထားသလိုထပ်မေးလိုက်သည်။ "ဒါဆို မင်း ဘယ်အချိန်ကျမှ အခန်းအတွင်းပိုင်းတွေ ပြင်ဖို့လုပ်မှာလဲ။"

ရှဲ့ကျူရှင်း ဘာသိဘာသာပြန်ဖြေလာသည်။ "နောက်မှပြောတာပေါ့။"

နောက်မှပြောမယ်? ဝမ်ချောင် အရမ်းစိုးရိမ်ကြောင့်ကြဖြစ်သွားပြီးပြောလိုက်သည်။ "ငါ့သဘောပြောရရင် အခုကတည်းက ပြင်ထားတာပိုကောင်းမယ်။ အကုန်အပြီးအစီးဖြစ်ဖို့ဆိုရင်လည်း လကျော်ကြာမှာ။ အခုကတည်းကလုပ်ထားမှ ငါတို့နှစ်ကုန်တာနဲ့ တန်းပြောင်းနေလို့ရမှာ။"

ရှဲ့ကျူရှင်းမျက်နှာမှ တင်းမာမှုများအနည်းငယ်ပြေလျော့သွားတော့သည်။ သူကိုယ်တိုင်လည်း အစက ထိုကဲ့သို့တွေးခဲ့တာမို့ ပြန်ပြောလိုက်တော့သည်။ "ယုံကြည်လို့ရမယ့် အခန်းတွင်းပြင်ဆင်၊ အလှဆင်တဲ့ကုမ္ပဏီမျိုး ရှာဖို့လိုတယ်။ အခုတလော schedule တွေပြည့်နေတာနဲ့ ငါ အဲ့တာတွေလိုက်ရှာဖို့ အချိန်မရှိဘူးဖြစ်နေတယ်။"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now