47

2.2K 353 84
                                    

[Unicode]

'အဖြောင့်ကောင်လေး'

သေရာမှ ပြန်ရှင်လာခြင်း။

အခုလောလောဆယ် ထိုစကားလုံးခြောက်လုံးကသာ ရှဲ့ကျူရှင်းရဲ့စိတ်အခြေအနေကို ဖော်ပြပေးနိုင်နေသည်။

သူ တစ်လောကတောင် တွေးနေမိသေးသည်။ တစ်စုံတစ်ယောက်ကသာ 'Zhihu' တွင် "အရူးတစ်ယောက်ကို ချစ်မိရခြင်းရဲ့ခံစားချက်က ဘယ်လိုမျိုးလဲ" ဟုမေးလာခဲ့လျှင် သူ့ထက် အရည်အချင်းပြည့်မှီနိုင်တဲ့ဖြေဆိုသူ မရှိနိုင်ဟု။ အခုတော့ သူ "အရူးတစ်ယောက်ရဲ့ ပြန်ချစ်ခြင်းကိုခံရတဲ့ခံစားချက်က ဘယ်လိုမျိုးလဲ" ဆိုတာကိုရော ဖြေဆိုဖို့အရည်အချင်းပြည့်စုံခဲ့ပြီလား။

[T/N : 'Zhihu' ဆိုတာ တရုတ်ဘက်မှာ နာမည်ကြီးတဲ့ အမေးအဖြေပြုလုပ်လို့ရတဲ့ platform ဖြစ်ပါတယ်တဲ့။]

ဝမ်ချောင်ကတော့ စိတ်ဓာတ်ကျနေဆဲ။ "ငါတောင် မင်းနဲ့လမ်းခွဲဖို့ သဘောမတူသေးဘူး။ မင်းက အခြားမိန်းမတစ်ယောက်နဲ့တွဲနေပြီ။ အဲ့ဒါ ဖောက်ပြန်နေတာပဲ။ မင်းမှာ အပြစ်ရှိစိတ်လေးတောင် မရှိဘူးလား။"

ရှဲ့ကျူရှင်းလည်း ပြန်မေးလိုက်သည်။ "ဒါဆို မင်းလည်း ငါအရှေ့မှာရှိနေတာတောင် အခြားတစ်ယောက်နဲ့ အချိန်းအချက်ယူထားတဲ့အကြောင်းပြောသွားတယ်လေ။ မင်းကရော အပြစ်ရှိစိတ်လေးတောင် မဖြစ်ဘူးလား။"

ဝမ်ချောင်မှာ ဒီကိစ္စနှင့်ပတ်သတ်၍ ရက်ပေါင်းများစွာကြာအောင် အရိုက်ခံထားရတာမို့ ထပ်ပြီး မတရားစွပ်စွဲမခံနိုင်တော့။ သူ တစ်ဖန်ထပ်ငို၍ပြောလာသည်။ "အဲ့တာ အဲ့နေ့တုန်းက မင်း ငါ့အပေါ် ဆက်ဆံတဲ့ပုံစံကြောင့် ဖြစ်သွားတာမဟုတ်ဘူးလား။ ဒီပါ့ပါးကိုကျ လျစ်လျူရှုပြီး အခြားကောင်မလေးနဲ့ကျ ဟီးဟီးဟားဟားလုပ်နေလိုက်တာ။ ဒီပါ့ပါးမှာ မင်းလိုအရှက်မရှိတဲ့သားမျိုး တစ်ခါမှမရှိခဲ့ဖူးဘူး။"

ရှဲ့ကျူရှင်း ပြန်ပြောသည်။ "ငါတို့နှစ်ယောက်ကြားထဲ ဘယ်သူက အရှက်မရှိဖြစ်နေတာလဲ။ မင်းပဲ ငါ လက်ထပ်သွားဖို့မျှော်လင့်နေတာမဟုတ်လား။ အခု ငါ ကောင်မလေးတွေနဲ့ ဖလစ်တော့ မင်းက ရုတ်တရက်ကြီး အဆင်မပြေဖြစ်နေတယ်ပေါ့။"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now