36

2.4K 462 120
                                    

[Unicode]

'သောက်ရမ်းကံဆိုးနေတာပဲ။'

ဒီစိတ်ရှုပ်စရာကောင်းသူကတော့ သူ့ကို တစ်ဖက်လူ ကြိုဆိုသလား၊ မကြိုဆိုသလား ဂရုမစိုက်နေဘဲ ရှဲ့ကျူရှင်းထံ ရှာပုံတော်ထွက်သွားတော့သည်။

သူ ရောက်သွားချိန် တိုက်ခန်းပိုင်ရှင် ပြန်သွားကာစလေးဖြစ်ပြီး ရှဲ့ကျူရှင်းနှင့် သူ့လက်ထောက်က မနက်ဖြန် အပြောင်းအရွေ့ကိစ္စအကြောင်း ဆွေးနွေးနေကြသည်။

တံခါးခေါက်သံကြားတာနှင့် လက်ထောက်ဖြစ်သူက တံခါးသွားဖွင့်ပေးရင်း ပြောလာသည်။ "ဟမ်? Leo ရောက်လာတာပဲ။"

ဝမ်ချောင်ကလည်း သူ ဒီမှာရှိနေလိမ့်မယ်ဟု မထင်ထားတာမို့ သိချင်စိတ်ဖြင့်မေးလိုက်သည်။ "မင်း ဒီမှာ ဘာလုပ်နေတာလဲ။"

ရှဲ့ကျူရှင်းကလည်း ဝမ်ချောင် ဒီရောက်လာမည်ဟု မထင်ထား။ "မင်း ဒီကို ဘာလာလုပ်တာလဲ။"

သူ့စိတ်ထဲ ဝမ်ချောင်တစ်ယောက် ဟိုကျုံးမျိုးရိုးကို ထပ်တွေ့ဖို့ သွားပြန်ပြီဟု ထင်နေခဲ့တာပင်။

"မင်းက ငါ့ကို မေးနေတယ်!?" ဝမ်ချောင် ညီးတွားပြောလာသည်။ "ငါတို့ အတူညစာစားမယ်ပြောထားပြီးမှ ဘာလို့ တစ်ယောက်တည်း အရင်ပြန်သွားရတာလဲ။ မင်းကသာ စိတ်ရှုပ်ဖို့ကောင်းတဲ့ကောင်!"

ရှဲ့ကျူရှင်းက သူ့ကို ပြန်တုန့်ပြန်ပြောမည့်အစား ရယ်လျက်ရှင်းပြလေသည်။ "ငါ တိုက်ခန်းပိုင်ရှင်နဲ့ အလျင်စလိုတွေ့ဖို့ ကိစ္စပေါ်လာလို့။ ဒါပေမယ့် ငါတို့ အဆုံးထိ ညှိနှိုင်းလို့မရခဲ့ဘူး။ မနက်ဖြန်ကျ ငါ အိမ်ပြောင်းရတော့မယ်။"

"အခြေအနေက ဘယ်လိုရှိလို့လဲ။" ဝမ်ချောင် မေးလာသည်။ "မင်းက ဘာလို့ထပ်ပြီးအိမ်ပြောင်းရမှာလဲ။"

"ပိုင်ရှင်ဖြစ်သူက ရှဲ့ကျူရှင်းကို 'ပြောမရတဲ့ကိစ္စ' တွေအတွက် သူ့တိုက်ခန်းထဲ လူပေါင်းစုံခေါ်ထည့်လာမှာ ကြောက်လို့တဲ့။" လက်ထောက်မှ ဝင်ရှင်းပြပေးတော့သည်။ "ဘာလို့ဆို သူက အနုပညာလောကထဲမှာ အရက်သမား၊ ဆေးသမား၊ နောက်ပေါက်တွေပဲ ရှိတယ်လို့ တွေးလို့လေ။ ဘာမဟုတ်တာလေးအပေါ် ပြဿနာရှာတာပေါ့ကွာ။ ဒါပါပဲ။"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now