40

3K 470 113
                                    

[Unicode]

'မင်းပြောကြည့်၊ မကောင်းဘူးလား။'

အကလေ့ကျင့်ခန်းထဲ တိတ်ဆိတ်မှုကြီးစိုးသွားတော့သည်။ ဒီလူနှစ်ယောက်ထံတွင် မတူတဲ့အတွေးများရှိနေပေမယ့် သူ့တို့ရဲ့တစ်ယောက်ကိုတစ်ယောက်ကြည့်နေသည့်အကြည့်များကတော့ ထပ်တူကျနေလေသည်။ လွမ်းဆွတ်ခြင်း၊ တောင့်တခြင်း၊ ချစ်မြတ်နိုးခြင်းနှင့် ဆာလောင်တက်မက်ခြင်းများ။

ရှဲ့ကျူရှင်းဘက်မှ အရင်တိတ်ဆိတ်ခြင်းကို ဖြိုခွဲချလိုက်သည်။ "ပြီးခဲ့တဲ့သုံးရက်လုံး မင်းဘယ်သွားနေတာလဲ။"

ဝမ်ချောင် သူ့အောက်နှုတ်ခမ်းကိုသပ်၍ ပြန်ဖြေသည်။ "အိမ်ပြန်သွားတာ။"

ရှဲ့ကျူရှင်း သူ့မျက်နှာကို စေ့စေ့စပ်စပ်ကြည့်ရင်းပြောလာသည်။ "မင်း ဝိတ်ထပ်ကျသွားတာလား။"

ဝမ်ချောင်အနေနှင့် အလုပ်ခံလိုက်ရတဲ့အတွက်ဝမ်းလျောလွန်ပြီး ထိုမှတစ်ဆင့် ဝိတ်ကျသွားတဲ့အကြောင်း ဝန်မခံလိုလှ။ "မင်း ကန်းနေတာလား။ ငါ အိမ်မှာ အရသာရှိတာတွေချည်းထိုင်စားနေရလို့ ဝိတ်တောင်တက်လာသေးတယ်။"

ဒီလူက တကယ်ကုသလို့ မရတော့။ သူ ပါးစပ်ဖွင့်ဟလာတာနှင့် တစ်ဖက်လူကို သူ့ပါးစပ်ထဲသို့ မစင်များထည့်သွပ်ပေးချင်အောင်အထိ လုပ်ဆောင်နိုင်စွမ်းရှိနေသည်။

ရှဲ့ကျူရှင်း ဆက်ပြောလိုက်သည်။ "ဘာလို့ ငါဖုန်းခေါ်တာကို မကိုင်တာလဲ။"

ဖုန်းကိစ္စအကြောင်း မပြောလာရင် အဆင်ပြေနိုင်ပေမယ့် ထိုသို့အစဖော်လာချိန်မှာတော့ ဝမ်ချောင်ရဲ့ဒေါသက ချက်ချင်းပေါက်ကွဲထွက်လာတော့သည်။ တစ်ရက်ကိုတစ်ကြိမ်ပဲ ဖုန်းခေါ်တာက လုံးဝစိတ်ရင်းမပါနေ။ သူ မပျော်မရွှင်နှင့် ဂျစ်ကန်ကန်ပြောလိုက်တော့သည်။ "အလုပ်ရှုပ်နေလို့ မင်းဖုန်းကို ပြန်ဖြေဖို့အချိန်မရှိဘူး။"

ရှဲ့ကျူရှင်း မယုံကြည်နေ။ "မင်း သုံးရက်လုံး အလုပ်ရှုပ်နေတာပေါ့?"

ဝမ်ချောင် ပေါ့တိပေါ့ပျက်အမူအရာဖြင့်ပြောလာသည်။ "ငါ ရေချိုးနေလို့ မရဘူးလား။ အိမ်သာတက်နေလို့မရဘူးလား။ ဂိမ်းကစားနေတာရော မဖြစ်နိုင်ဘူးလား။ ဘယ်သူက အချိန်တိုင်း အားအားယားယားနဲ့ မင်းဖုန်းဆက်လာမှာကို စောင့်နေနိုင်မှာလဲ။"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now