50

2.1K 367 66
                                    

[Unicode]

'အရိုက်ခံရခြင်း'

ကွမ်ကျိုးမှာရှိစဉ် keyboard တီးသူက အပေါက်များပါသည့်ဂျင်းဘောင်းဘီနှင့် ဆံပင်ကိုလည်း ကျစ်ဆံချောင်းကလေးများ ကျစ်ထားပြီး rocker တစ်ယောက်လိုပြင်ဆင်နေခဲ့တာဖြစ်သည်။ အခုအချိန်တွင် ကျစ်ဆံချောင်းများလည်း မရှိတော့ဘဲ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဂုတ်ထောက်ဆံပင်နှင့် သန့်ရှင်းသပ်ရပ်နေတော့သည်။

"သူက ဒီမှာ ဘာလုပ်နေတာလဲ။" ဝမ်ချောင် နားမလည်မှုများနှင့် ခပ်တိုးတိုးပြောလိုက်သည်။ "ငါ့အတန်းဖော်ကိုပြောပါတယ်။"

ဘယ်သူမှ မသိထားတာမို့ ကောင်းစီယွမ်သာ ပြောလာသည်။ "ငါတို့ကုမ္ပဏီအောက်က စတူဒီယိုအခွဲတစ်ခုက သူ့ကို လက်မှတ်ထိုးခေါ်ခဲ့တယ်တဲ့။ ငါကြားတာတော့ သူက အဆိုရော အရေးရောရပြီး တော်တော်လေး ပါရမီပါတယ်တဲ့။"

ဝမ်ချောင် သူ့နှုတ်ခမ်းများကို တွန့်ကွေးပြီး ရွံ့ရှာသလိုပြောလိုက်သည်။ "သူက?"

သူတို့တတွေ မီဒီယာနှင့် fan များကို ကျေးဇူးတင်ပြီးနောက် တာဝါသဏ္ဌာန်ရှိနေသည့် champagne ဖန်ခွက်များအပေါ် champagne များ လောင်းချပြီးသည်နှင့် ရယ်သံများနှင့် ပြိုးပြိုးပြက်ပြက် ကင်မရာများအကြား သူတို့အခမ်းအနားပွဲကလည်း အဆုံးသတ်သွားတော့သည်။

ဂျူနီယာညီမလေးများအဖွဲ့ကတော့ ပြန်နှင့်ပြီဖြစ်သည်။ Icedream အဖွဲ့ဝင်များလည်း ပွဲထဲမှထွက်လာပြီး သူတို့ကုမ္ပဏီကားပေါ်တက်ဖို့ လုပ်တော့သည်။ ဝမ်ချောင့်ကားက ကုမ္ပဏီကားဘေးတွင် ရပ်ထားလျက်ရှိနေပြီး ဝမ်ချောင်တစ်ယောက် သူ့ကားသော့ကိုထုတ်ယူ၍ ရှဲ့ကျူရှင်းကို လှမ်းခေါ်လိုက်သည်။ "ဟေး၊ ဒီနေ့ ငါ့အိမ်ကိုသွားရအောင်။"

ရှဲ့ကျူရှင်း သူ့အဖွဲ့သားများကို လှမ်းကြည့်လိုက်ရာ အကုန်လုံးက ကားပေါ် အလျင်အမြန်တက်လို့ တံခါးပိတ်၍ထွက်ခွာသွားတော့သည်။

ဝမ်ချောင် ဘေးမှထိုင်လိုက်မည့်ထိုင်ခုံရဲ့တံခါးနားတွင် ရပ်နေရင်း ကားသော့ကို တစ်ဖက်သို့လှမ်းပစ်ပေးလိုက်သည်။ ရှဲ့ကျူရှင်းလည်း လက်မြှောက်၍ဖမ်းလိုက်ပြီးသည်နှင့် သူတို့နှစ်ယောက် အချင်းချင်းကြည့်လျက် ရယ်မိကြလေသည်။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now