61

674 119 22
                                    

[Unicode]

ပုံမှန်မဟုတ်သည့်စွဲလမ်းမှု

ကျန့်ကျုံးယန်အား နှုတ်ဆက်စကားဆိုပြီးသည်နှင့် သူတို့အိမ်ပြန်လမ်းတစ်လျှောက်လုံး တိတ်ဆိတ်မှု ကြီးစိုးနေခဲ့တော့သည်။

ရှဲ့ဝမ်နှစ်ယောက် ဝမ်ကျင်းရှီယွမ်သို့ ပြန်ရောက်လို့ အထဲဝင် ဖိနပ်များလဲပြီးသည်နှင့် တံခါးအပေါက်ဝရှေ့မှာတင် ထိုးကြိတ်ခြင်းများ စတင်လာခဲ့သည်။ ဝမ်ချောင်ဘက်မှလည်း သူ night club သွားဖို့ စိတ်ကူးလုံးဝမရှိကြောင်း ရှင်းပြလာခြင်းမရှိ။ သူက ရှဲ့ကျူရှင်းကို ဒေါသတကြီးထွက်စေရုံမက စိတ်အားထက်သန်မှုအပြည့်နှင့်လည်း ပြန်ခံပြောလေသည်။

ထို့ကြောင့်လည်း မင်း ငါ့ကိုတစ်ချက်ရိုက်လို့ ငါ မင်းကိုတစ်ချက်ပြန်ထိုးတယ်ဆိုသည်နှင့် စတင်ရန်ဖြစ်ကြတော့သည်။

ထိုးရင်းကြိတ်ရင်း အဆုံး၌ ရှုံးသွားသူမှာ ဝမ်ချောင်သာ။ အံ့ဩဖွယ်မရှိ ဝမ်ချောင်တစ်ယောက် တစ်ဖန်ထပ်၍ သူ့တင်ပါးနှင့် လက်ဝါးတို့ မိတ်ဆက်ခံလိုက်ရပြန်သည်။ ဒီတစ်ခေါက်မှာတော့ သူက ပြန်ခံပြောမနေတော့ဘဲ ညည်းသံများ စတင်လာခဲ့၏။

သူက တကယ်တော့ တမင်သက်သက်ကို အရိုက်ခံချင်နေခြင်းဖြစ်သည်။

ရှဲ့ကျူရှင်းက စိတ်နေသဘောထားကောင်းသည့်အပြင် သည်းခံတတ်လွန်းသူဖြစ်တာမို့ တစ်ဖက်သူအတွက် သူ့ကို တကယ်ဒေါသထွက်သွားအောင် လုပ်နိုင်ဖို့က ခက်ခဲလွန်းလှသည်။ ရှဲ့ကျူရှင်းကို နေ့တိုင်းနီးပါး ဒေါသထွက်အောင် လုပ်နိုင်သည်ကလည်း ဝမ်ချောင်တစ်ယောက်တည်းသာ။

သူတို့နှစ်ယောက်က တွဲနေတာမို့ အထူးစပါရှယ်ဆက်ဆံမှုမျိုးကို ဘယ်သူက မလိုချင်လို့လဲ။

ထို့ကြောင့်လည်း ရှဲ့ကျူရှင်း ဒေါသထွက်လေလေ ဝမ်ချောင်အတွက် ပျော်ရွှင်ရလေလေ ဖြစ်လာခဲ့သည်။

ရှဲ့ကျူရှင်းက ကိစ္စတော်တော်များများကို စိတ်ထဲမြိုသိပ်ထားတတ်သည်ကလွဲလျှင် အပြစ်အနာအဆာရှိလှသူမဟုတ်။ သူ စိတ်တိုသွားသည့်အချိန်မှာတောင် ဝမ်ချောင်လို ပေါက်ကွဲ၍ တစ်ဖက်သူကို မှိုချိုးမျစ်ချိုးပြောတာမျိုး လုပ်လိမ့်မရှိနေ။ ထိုအစား သူက မြိုသိပ်ပြီးရင်း မြိုသိပ်ထားပြီးနောက်တွင်မှ တကယ့်ရန်ပွဲအကြီးစားတစ်ခု ထဖြစ်တတ်သူမျိုးဖြစ်သည်။ သူတို့ဆက်ဆံရေးက ချစ်ခြင်းအဖြစ်သို့ မပြောင်းလဲလာခင်ကတည်းက ဝမ်ချောင်အနေနှင့် သူ၏ထိုအကျင့်က မကောင်းလှကြောင်း ပြောဖူးသေးသည်။ သို့သော်လည်း လူတစ်ယောက်၏အကျင့်ဆိုသည်က ပြောင်းလဲဖို့ခက်လှသည်သာ။ ဥပမာအားဖြင့် ဝမ်ချောင်အား သူ့ပါးစပ်သရမ်းတတ်သည့်အကျင့်ကို ပြင်ဟုပြောလျှင် ဝမ်ချောင်လည်း ပြင်နိုင်မှာမဟုတ်လှ။ သူ့မှာ မဆဲရလျှင်ကို နေရခက်နေတော့သည်။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now