10

2.1K 473 73
                                    

[Unicode]

'မင်းကတော့ ငါ့ကို စိတ်ရှုပ်လို့မရဘူးလေ'

ကြည့်ရတာ ပြဿနာ မတက်ချင်၍ဖြစ်နိုင်သည်၊ ထိုအချိန်မှစပြီး ဖန်းကျဲမှ ထပ်ပြီး အကွက်ရွေ့တာမျိုး လုပ်မလာတော့။

သူတို့ခြောက်ယောက်လည်း နေ့တိုင်း အလုပ်ရှုပ်နေရင်း အချိန်များက စီးဆင်းနေတဲ့ရေလို ကုန်ဆုံးသွားရပြီး မသိလိုက်ခင်မှာပဲ လေ့ကျင့်ရေးသင်တန်း ဆုံးခန်းတိုင်ချိန်သို့ ရောက်လို့လာခဲ့ပြီ။

ဩဂုတ်လ ၁၆ရက်နေ့က အတန်းချိန်တွေအကုန်လုံး ည ၁၀ နာရီတွင် ပြီးဆုံးလို့သွားခဲ့ပြီး သူတို့လည်း ပင်ပင်ပန်းပန်းနှင့် အဆောင်သို့ ပြန်လိုက်ကြသည်။

ဝမ်ချောင်နှင့်ရှဲ့ကျူးရှင်းရဲ့အခန်းက ဧည့်ခန်းနှင့်အနီးဆုံးတွင် ရှိနေတာဖြစ်ပြီး ဝမ်ချောင်က အရင်ဝင်သွားကာ ရှဲ့ကျူရှင်းက အနောက်မှ လိုက်ဝင်ဖို့ လုပ်လိုက်သည်။ သို့ပေမယ့် ကျိကျဲနှင့် ချန်းယောင့်က သူ့ကို အနောက်မှ လှမ်းခေါ်လို့လာသည်။ "ကော၊ ကျွန်တော်တို့အခန်းထဲ ခဏလာခဲ့လို့ရမလား။ ကောကို ပြောပြချင်တဲ့ကိစ္စလေးရှိလို့။"

ရှဲ့ကျူရှင်း ပြန်ပြောလိုက်သည်။ "ရတယ်လေ၊ ဖုန်းအားသွင်းပြီးတာနဲ့ လာခဲ့မယ်။"

သူ အခန်းထဲ ဝင်သွားကာ ဖုန်းအားသွင်းဖို့ လုပ်လိုက်သည်။ ဝမ်ချောင်က အပြင်မှ စကားသံတွေကို မကြားလိုက်တာမို့ မေးလာသည်။ "အခုဘယ်သွားမလို့လဲ။"

ရှဲ့ကျူရှင်း အကြောင်းအရင်းတစ်ဝက်မျှသာ ပြောပြလိုက်သည်။ "ချန်းယောင့်က ငါ့ကို မေးစရာလေး ရှိလို့တဲ့။ မင်းဘာသာ နံရံကပ်ပြီး ခဏလောက် ရပ်ထားနှင့်။"

ဝမ်ချောင်တွင် ချန်းယောင့်နှင့်ပတ်သတ်ပြီး မကျေမနပ်ဖြစ်ရတာမျိုး မရှိတာမို့ ပြန်ပြောလာသည်။ "ဒါဆိုလည်း မင်း မြန်မြန်သွားလေ၊ ငါ တစ်ယောက်တည်း ရပ်နေရတာ ပျင်းဖို့ကောင်းတယ်။"

ရှဲ့ကျူရှင်း ကျိကျဲနှင့် ချန်းယောင့်တို့အခန်းထဲ သွားလိုက်သည်။ သူတို့နှစ်ယောက်က သူ့ကို သင်တန်းကာလပြီးသွားလျှင် ဘယ်မှာနေမလဲဟု မေးချင်နေခဲ့တာဖြစ်သည်။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now