60

1.3K 196 14
                                    

[Unicode]

'ကစားတတ်ကြတယ်'

ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်သီဆိုသည့်အနုပညာရှင်မှာ ဝမ်ချောင်ရဲ့အတန်းဖော်ဟောင်း keyboard တီးသူဖြစ်နေသည်။

သူ့သီချင်းများက folk ပုံစံကိုအသားပေးသည့်အချစ်သီချင်းများဖြစ်တာမို့ စထွက်လာကတည်းက လူတော်တော်များများ၏အာရုံစိုက်ခြင်းကို ရရှိသွားတော့သည်။

သို့သော်ငြား ရုတ်တရက်နာမည်ထကြီးသွားတာမျိုးအထိတော့ မဖြစ်ခဲ့။

Icedream အဖွဲ့ဝင်တွေလည်း ထိုသူက သူတို့ခေါင်းဆောင်ဖြစ်သူ၏အတန်းဖော်ဟု သိထားပေမယ့် သူတို့ခေါင်းဆောင်က ထိုသူ့အကြောင်း များများစားစားပြောချင်ပုံမပေါ်တာကြောင့် သူတို့လည်း အလိုက်တသိနှင့် ဝမ်ချောင့်အရှေ့တွင် ဘာမှထုတ်မပြောလာ။

သို့သော် သူတို့ခေါင်းဆောင်နောက်ကွယ်မှာတော့ ကောင်းစီယွမ်က ရှဲ့ကျူရှင်းအား တိုးတိုးတိတ်တိတ်မေးလာတော့သည်။ "ခေါင်းဆောင်က အဲ့အဆိုတော်နဲ့ ဆက်ဆံရေးမကောင်းဘူးမလား"

ရှဲ့ကျူရှင်း ပြန်ဖြေလိုက်သည်။ "သာမန်အတန်းဖော်ဆက်ဆံရေးပါပဲ"

ကောင်းစီယွမ်လေသံထဲတွင် သိချင်မှုနှင့် အတင်းတုတ်ချင်မှုများအပြည့်ပါဝင်နေသည်။ "ဒါဆို ဘယ်လိုဖြစ်လို့ အဲ့လူ ဒီလို Album ထုတ်နိုင်တာ ကျွန်တော်တို့ခေါင်းဆောင်ကူပေးလိုက်လို့ဆိုပြီး ကြားနေရတာလဲ။"

ရှဲ့ကျူရှင်း ဘာမှပြန်မဖြေခဲ့။

သူ့စိတ်ထဲ ဝမ်ချောင် သူ့ကိုတစ်ခုခုမပြောဘဲ ဖုံးကွယ်ထားသည်ဟု ခံစားနေမိတော့သည်။

သို့ပေမယ့် အစမှအဆုံးအထိ ဝမ်ချောင့်ဘက်မှစပြီး ထိုအဆိုတော်အကြောင်း တစ်ခွန်းပြောလာခြင်းမရှိခဲ့။

ကိုယ်ပိုင်စတူဒီယိုထောင်လိုက်သည့်သွမ့်ယိခွန်းကတော့ ကုမ္ပဏီမှထွက်သွားပြီးနောက် အနည်းနှင့်အများ ထူထူထောင်ထောင်ရှိလာပြီဖြစ်ပြီး IceDream အဖွဲ့နှင့်လည်း အဆက်အသွယ်ပြန်ရှိလာခဲ့သည်။ သို့သော်ငြား ထိုအချိန်တွင် သူတို့ကြားဆက်ဆံရေးက အတော်လေးနေရခက်သည့်အခြေအနေမျိုးတွင်ရှိနေခဲ့ပြီး ပို့ဖြစ်သောစာအများစုကလည်း အချင်းချင်းဂုဏ်ပြုပေးနေခြင်းများသာဖြစ်နေတော့သည်။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now