26

2.8K 489 109
                                    

[Unicode]

'ရဲတင်းလှတဲ့ရှဲ့ကျူရှင်း'

ကိုယ်ရေးရာဇဝင်များ ထုတ်ဖော်ကြေညာခြင်းဖြင့် အဖွဲ့သစ်ကို လူထုအာရုံစိုက်မှုအနည်းငယ်မျှရရှိစေပြီး နောက်တစ်ပတ်တနင်္လာနေ့တွင် လူထုအကြား မချပြသေးမည့် သတင်းစာရှင်းလင်းပွဲအသေးစားလေးပြုလုပ်လေသည်။ ထိုပွဲကို ကုမ္ပဏီနှင့် ဆက်ဆံရေးကောင်းလှသည့်သတင်းမီဒီယာများသာ တက်ရောက်ခွင့်ရှိထားသည်။

သတင်းစာရှင်းလင်းပွဲနေ့ မရောက်ခင် သုံးရက်အလိုတွင် သီချင်းဆို၊ အကလေ့ကျင့်ခန်းများအပြင် သူတို့မှာ ထိုသတင်းစာရှင်းလင်းပွဲအတွင်း မေးလာမည့်မေးခွန်းများဖြင့် ကျင့်သားရအောင်လေ့ကျင့်ယူရတော့သည်။ သွမ့်ယိခွန်းကလည်း သူတို့ကို ထားရှိရမည့်မျက်နှာအမူအရာများကို လေ့ကျင့်ပေးဖို့ ဆရာတစ်ယောက်တောင် သီးသန့်ငှါးပေးလိုက်သေးသည်။

လူတိုင်း အတန်းကို အချိန်ကိုက်ရောက်လာကြပြီး ဝမ်ချောင်တစ်ယောက်တည်းကသာ နောက်ဆုံးမှ ရောက်လာ၍ ရှဲ့ကျူရှင်းအနား ထိုင်ချသွားသည်။

သွမ့်ယိခွန်း : "... မင်းမျက်နှာ ဘာဖြစ်တာလဲ။"

ဝမ်ချောင်ရဲ့မျက်နှာတစ်ဝက်မျှက ဆိုးဆိုးဝါးဝါးနီရဲယောင်ကိုင်းနေလေသည်။

"ကျွန်တော် ရူးကြောင်ကြောင်တွေလုပ်လို့ အရိုက်ခံရတာ။"

အဖွဲ့သားတွေအကုန်လုံး ခေါင်းငုံ့လျက် ခိုးရယ်သွားကြပြီး ရှဲ့ကျူရှင်းတောင် ချုပ်ထိန်းမထားနိုင်ဘဲ သူ့နှုတ်ခမ်းထောင့်လေး ကော့တက်သွားတော့သည်။

သွမ့်ယိခွန်းလည်း သူတို့ကြားကိစ္စမှန်းသိလိုက်တာမို့ အသေးစိတ် ထပ်မမေးတော့ဘဲ ဤမျှသာပြောလာသည်။ "ယောင်နေတာလျော့သွားအောင် ဆေးလိမ်းပေးဖို့ သတိရဦး။ သတင်းစာရှင်းလင်းပွဲနေ့ကျရင် ဒီလိုယောင်နေလို့ မရဘူး။"

ဝမ်ချောင်လည်း နားလည်ကြောင်း 'အင်း' ဟု အသံပြုလိုက်ပြီး သွမ့်ယိခွန်းလည်း အတန်းအကြောင်း ဆက်ပြောနေတော့သည်။

ရှဲ့ကျူရှင်း ဝမ်ချောင်နှင့်သူသာ ကြားနိုင်မည့်အသံဖြင့်ပြောလိုက်သည်။ "ပြန်ရောက်ရင် ရေခဲကပ်ဖို့ ငါမပြောဘူးလား။"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now