51

1.9K 346 33
                                    

[Unicode]

'ခေတ္တခဏ နှုတ်ဆက်ခွဲခွါခြင်း'

သူတို့ ဒီနေ့ရိုက်ကူးရသည့်အစီအစဉ်က ဒေသခံ TV station ရဲ့ variety show တစ်ခုဖြစ်သည်။

ချန်းယောင့်က ဒေသခံတစ်ယောက်ဖြစ်ပြီး ဒီ program အကြောင်းကို အရင်ကတည်းက ပြောပြထားဖူးတာမို့ သူ့အဖွဲ့သားများအနေနှင့် အနည်းနှင့်အများတော့ နိုင်ငံအတွင်း နာမည်သိပ်မကြီးလှသည့်ဒီအစီအစဉ်ကို ကြည့်ဖူးကြပြီး host နှင့်ရော ရိုက်ကူးရေးပုံစံများကိုပါ ရင်းနှီးနေတာမို့ ဒီရိုက်ကူးရေးတွင် ပါဝင်ဖို့အခွင့်အရေးရလာတာကတောင် သူတို့ကို စိတ်လှုပ်ရှားစေတော့သည်။

အစီအစဉ်ရိုက်ကူးရေးတစ်ဝက်ရောက်နေချိန်တွင် မထင်မှတ်ထားသည့်အနှောင့်အယှက်များ ဖြစ်ပေါ်လာခဲ့သည်။ နောက်ထပ် guest တစ်ယောက် — ချန်မျိုးရိုးရှိသည့် အသက် ၃၀ ဝန်းကျင်ရှိလှတဲ့သရုပ်ဆောင်တစ်ဦးလည်း အစီအစဉ်တွင် ပါဝင်နေသည်။ သူက မျိုးချစ်ရေးဇာတ်ကားတစ်ခုတွင် ဝင်သရုပ်ဆောင်ရင်း လတ်တလောမှ နာမည်ကြီးလာသည့်သရုပ်ဆောင်လည်းဖြစ်သည်။ IceDream အဖွဲ့ဝင်များလည်း သူနှင့် ပထမဆုံးတွေ့ဖူးတာမို့ တရိုတသေနှင့် 'ချန်လောင်ရှီး' ဟု သုံးနှုန်းခေါ်ဝေါ်ကြ၏။

အစပိုင်းမှာတော့ ရိုက်ကူးရေးက ချောချောမွေ့မွေ့ရှိလှသည်။ ရိုက်ကူးရေးအလယ်ပိုင်းလောက် ရောက်လာချိန်တွင်မှ host ဖြစ်သူက နိုင်ငံအတွင်း သက်ဆိုင်ရာပြည်နယ်များရဲ့ နှစ်ကူးကြိုဆိုမှုဓလေ့ထုံးတမ်းများအကြောင်း စတင်ပြောလာတော့သည်။ ဒီအစီအစဉ်က နှစ်ကူးမတိုင်ခင် တစ်ပတ်အလိုတွင် ထုတ်လွှင့်ပြသမှာဖြစ်တာမို့ သူတို့ဆွေးနွေးပွဲက အတော်လေးလည်း ကိုက်ညီမှုရှိလှသည်။ ထို 'ချန်လောင်ရှီး' ဆိုသူကလည်း စကားဝိုင်းထဲ ဝင်ပါလာပြီး သူ့ရဲ့ရုတ်တရက်ပြောလာသည့်မှတ်ချက်က ရုတ်ချည်းဆန်ဆန် စကားလမ်းကြောင်းကို ပြောင်းပြန်လှန်ပစ်လိုက်တော့သည်။ "အလယ်ပိုင်းဒေသကလူတွေက နက်ရှိုင်းတဲ့ဓလေ့ထုံးတမ်းတွေနဲ့ သန့်ရှင်းမွန်မြတ်နေပေမယ့် အဲ့ဒါတွေကို ဟဲ့နန်ဒေသပိုင်းကလူတွေ ဖျက်ဆီးပစ်လိုက်ကြတယ်။ ဟဲ့နန်လူမျိုးတွေက ယဉ်ကျေးမှုဆိုတာတောင် မရှိတဲ့လူတွေပဲ။"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now