11

2K 444 49
                                    

[Unicode]

'နောက်ကျ အတူကစားတာပေါ့။'

ကျိကျဲ တိုက်ခန်းကိစ္စဆွေးနွေးရန် သွမ့်ယိခွန်းဆီသို့ သွားလိုက်သည်။

"မင်း အဲ့မှာနေလို့ရပါတယ်။ ဒါပေမယ့် တစ်ခန်းကိုတော့ အလွတ်ထားပေး။ ကုမ္ပဏီမှာ နေဖို့အခန်းရှာနေတဲ့ သရုပ်ဆောင်အသစ်တစ်ယောက်ရှိတယ်။ ငါကလည်း မင်းတို့ လေ့ကျင့်ရေးကာလပြီးတာနဲ့ သူ့ကို အခန်းစီစဉ်ပေးမယ်လို့ ကတိပေးထားလို့။"

အချိန်ကိုက်ဖြစ်သွားတာပဲ၊ ကျိကျဲ ပျော်ပျော်ကြီး သဘောတူလိုက်သည်။

ထို့နောက် သွမ့်ယိခွန်း ထပ်ပြောသည်။ "မနေ့က မင်းနဲ့ ဝမ်ချောင် ရန်ဖြစ်ကြတယ်လို့ ငါကြားတယ်။"

ကျိကျဲ အပြုံးက တောင့်ခဲသွားပြီးပြောလာသည်။ "ရန်ဖြစ်တယ်လို့ပြောမရဘူး၊ အဲ့ဒါက နည်းနည်း အားပြိုင်ကြတာမျိုးပါ။"

သွမ့်ယိခွန်း ဘာမှ ထပ်မမေးတော့ဘဲ ဤမျှသာ ပြောလိုက်သည်။ "ငါ ပြောတာနားထောင်၊ အကြောင်းမရှိဘဲ သူနဲ့သွားမညှိနဲ့။ သူ့မှာ အညှိုးအတေးတွေ ဘာညာ မရှိပေမယ့် သူ့ကို ဒေါသထွက်အောင် သွားလုပ်ရင် ခံရမယ့်လူက မင်းပဲ။"

ကျိကျဲပြန်သွားတာနှင့် သွမ့်ယိခွန်း ဝမ်ချောင်ကို ဖုန်းခေါ်လိုက်သည်။ "မင်းပြောတဲ့ကျိကျဲကိစ္စ ငါ ဖြေရှင်းပြီးပြီ။"

"ကျွန်တော် ကူညီချင်တာဆိုတဲ့အကြောင်း ခင်ဗျား မပြောလိုက်ဘူးမလား။"

"မပြောလိုက်ဘူး။"

ဝမ်ချောင် စိတ်အေးသွားရသည်။ "ဒါဆိုရပြီ။ သူနဲ့ကျွန်တော်နဲ့က အံကိုက်တာ မဟုတ်ဘူး။ ကျွန်တော် သူ့ကို ကူညီချင်မှန်း သိသွားရင် မျက်နှာပျက်ရလိမ့်မယ်။"

သွမ့်ယိခွန်း ပြုံးရင်းပြောလိုက်သည်။ "မင်း အဲ့လောက်ထိ ဂရုတစိုက်ရှိမှန်း ငါ မသိခဲ့ပါလား။"

"ကျွန်တော့်မှာ ဘယ်လိုလုပ် အဲ့လိုအတွေးမျိုး ရှိမှာလဲ။ အစက ကျွန်တော် သူ့ကို ပိုက်ဆံ တိုက်ရိုက်ပေးလိုက်ချင်တာ၊ ဒါပေမယ့် ရှောင်ရှဲ့က အဲ့လိုလုပ်တာ မကောင်းဘူးတဲ့လေ။ ကျွန်တော် သူ့ကို တကယ်ကူပေးချင်ရင် သူ အခုကြုံနေရတဲ့ပြဿနာကို အရင်ဖြေရှင်းပေးလိုက်ဆိုလို့ ကျွန်တော် ခွန်း-ကောကိုပဲ လာရှာရတော့တာပေါ့။ ကျေးဇူးဗျာ။ နောက်ရက် ခင်ဗျားကို တစ်ဝိုင်းလိုက်ကျွေးပါ့မယ်။" ဝမ်ချောင် ပြန်ပြောလေသည်။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now