6

2.4K 491 56
                                    

[Unicode]

'ကလေးတစ်ယောက်ကဲ့သို့'

နေ့လည် ၁၂နာရီ ထိုးပြီးချိန်မှာတော့ Miss လီက သူတို့အား နေ့လည်စာ သွားစားဖို့ ပြောလာသည်။ သူမက သူတို့ကို ဝန်ထမ်းများအတွက် ဖွင့်ထားသည့် စားသောက်ဆိုင်မှ ယာယီသုံး ထမင်းစားကတ်တောင် ပေးလိုက်သေးသည်။

ဝမ်ချောင်၏ခြေထောက်များက တုန်ယင်လွန်းနေတာမို့ သူ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်။ သူ့ကိုယ်တစ်ဝက်ကို ရှဲ့ကျူရှင်းပေါ် မှီချထားရင်း လမ်းလျှောက်လိုက်တိုင်း သူ့ပေါင်တွေ နာကျင်ရကြောင်း တိုင်တန်းနေလေသည်။ ရှဲ့ကျူရှင်းမှာ သူ့ကို ထိန်းပြီးသာ လျှောက်ရတော့သည်။

သူတို့နှစ်ယောက် စားသောက်ဆိုင်အတွင်းသို့ ယိုင်တိယိုင်တိုင်နှင့် ရောက်သွားကြသည်။ သူတို့ ရောက်သွားချိန်မှာတော့ 12:40တောင် ရှိနေပြီဖြစ်တာမို့ စားသောက်ဆိုင်အတွင်း ထိုင်ခုံအလွတ်များ အများအပြား ရှိနေသည်။ အနုပညာကုမ္ပဏီများတွင် လူသစ်များက မကြာခဏဆိုသလို ဝင်လိုက်ထွက်လိုက် ရှိနေတာမို့ မရင်းနှီးသော မျက်နှာစိမ်းများကြောင့် လန့်ဖြန့်သွားသည့် အလုပ်သမားများမရှိကြ။

ရှဲကျူရှင်း ဝမ်ချောင်းကို ထိန်းပေးထားရင်း အနီးအနားမှ ခုံလွတ်တစ်လုံးကို ရှာလိုက်သည်။ ဝမ်ချောင် ခက်ခက်ခဲခဲ ထိုင်ချပြီးသည့်နောက် ရှဲ့ကျူရှင်းမှ ပြောလိုက်သည်။ "ငါ စားစရာတွေ သွားယူတော့မလို့။ မင်း စားရ မကြိုက်တာမျိုး ရှိလား။"

ဝမ်ချောင် သူ့ခြေထောက်ကို ဖွဖွလေး ထုနေရင်း စိတ်ဓာတ်ကျသလို အသံဖြင့် ပြန်ပြောသည်။ "ဟင့်အင်း၊ ဘာပဲဖြစ်ဖြစ် ရတယ်။ ငါ့ကို ထမင်း အပိုပါ ယူခဲ့ပေး။ ဆာနေပြီ။"

ရှဲ့ကျူရှင်း နှစ်ယောက်စာ သယ်လျက် အလျင်အမြန်ပင် ပြန်လာသည်။ ဝမ်ချောင်မှာ မနက်စာ မစားထားရသေးတာမို့ အခုလောလောဆယ် သူ အတော်လေး ဗိုက်ဆာလို့နေသည်။ သူ့တူကို လျှပ်စီးလက်သလို အရှိန်နှင့် ရွေ့လျားနေပြီး သူ့ထမင်းဟင်းကိုကော အရံဟင်းပွဲများကိုပါ ဆယ်မိနစ်အတွင်း အပြောင်ရှင်းသွားလေသည်။ သူက ငါးဟင်းတွင် ပါသည့် ကြက်သွန်မိတ်ဖက်များနှင့် ကြက်သွန်နီများကိုတောင် တစ်ခုမကျန် စားနေ၏။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now