Concert ပွဲက မြို့ပတ်ဖျော်ဖြေပွဲမျိုး မဟုတ်တာမို့ ထိုင်ခုံနေရာ 18,000 မျှသာရှိပြီး အကုန်လုံးလည်းရောင်းထွက်သွားလေသည်။

Icedream official fandom နာမည်က "ရှောင်ပင်းခွိုက်" ဖြစ်ပြီး သူတို့၏ကိုယ်ပိုင်အရောင်လေးက "ဖွေးအုနေသည့်အဖြူ"မျိုးဖြစ်သည်။

(T/N : 小冰块 - ရေခဲတုံးလေးလို့ အဓိပ္ပါယ်ရပါတယ်။)

သို့သော်ငြား ပွဲထဲ၌ အဖြူရောင် LED များနှင့် ဆိုင်းဘုတ်များအပြင် တစ်ဦးတစ်ယောက်ချင်းဆီအတွက်လည်း LED များနှင့် အားပေးဆိုင်းဘုတ်များရှိနေသေး၏။ အကြီးမားဆုံးသောအားပေးမှုကတော့ Tomas ရှဲ့၏ fan များဖြစ်ပြီး နောက်ကျမခံလိုက်နေသည်ကတော့ Leo ဝမ်၏ fan များပင်။ ထိုအဖြစ်အပျက်ကတော့ concert များ စတင်တိုင်းဖြစ်လေ့ရှိနေသည်သာ။ အဖွဲ့လိုက်ဖျော်ဖြေလျှင်တောင် ရှဲ့ဝမ်တို့အပိုဒ်ရောက်လျှင် အားပေးသံများက ပိုကျယ်လို့သွားတတ်၏။ သူတို့နှစ်ယောက် solo ဖျော်ဖြေရချိန်ဆိုလျှင်တော့ fan များ၏တုံ့ပြန်မှုက အခြားအဖွဲ့သားများအတွက်ထက် ပိုစိတ်အားထက်သန်မှုရှိနေတော့သည်။

ကျော်ကြားမှုနှင့်ပတ်သတ်လျှင် လူတိုင်းက သတိထားမိပြီးကြပြီဆိုပေမယ့် အရင်ကဆိုလျှင်တော့ သူတို့ဖျော်ဖြေတိုင်း အခြားအဖွဲ့များ၏ fan များလည်းရှိနေတတ်တာမို့ အထူးတလည်ခံစားမှုမျိုး ပေးနိုင်ခဲ့ခြင်းမရှိ။

ဖျော်ဖြေပွဲပြီးတစ်ပတ်အကြာ၌ ရှဲ့ကျူရှင်းပါဝင်သရုပ်ဆောင်ထားသည့် တရုတ်ရှေးဟာသဒရမ်မာကားလေးက TV လိုင်းများပေါ်တွင် ထုတ်လွှင့်ပြသလာခဲ့သည်။ အပိုင်းနှစ် ထွက်လာသည့်အချိန်ကတည်းက ထိုဒရမ်မာကားလေးက rating အများဆုံးကို ရထားခဲ့ပြီး တစ်ချိန်တည်းမှာပဲ သူ့ကျော်ကြားမှုကလည်း တည်တည်ငြိမ်ငြိမ်နှင့် ဝေဖန်သူများအကြားမှာတောင် ချီးကျူးခံရမှုများ မနားတမ်းရနေခဲ့လေသည်။

သေချာသလောက် ဒီလိုထောက်ပံ့အားပေးမှုများဆိုသည်က ဒရမ်မာထဲတွင် ပါဝင်ထားသည့်အခြားသရုပ်ဆောင်များ၏ ပြောင်မြောက်လှသည့်သရုပ်ဆောင်မှုများနှင့် ဇာတ်လမ်းရိုက်ကူးရေး၏ ထူးချွန်လှသည့်ထုတ်လုပ်မှုများကြောင့်က အဓိကကျလှသည်သာ။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| On viuen les histories. Descobreix ara