တကယ်ရန်ဖြစ်ကြချိန်မှာလည်း ဝမ်ချောင်က ရှဲ့ကျူရှင်းကို နိုင်အောင်တိုက်နိုင်သည်မဟုတ်လှ။ သူက အမြဲလိုလို ဖိချခံရပြီး တင်ပါးနှင့်လက်ဝါး မိတ်ဆက်ခံနေရသည်သာ။ သို့ပေမယ့် သူ့တင်ပါးကို ရိုက်နေချိန်မှာတောင် ရှဲ့ကျူရှင်းက အမြဲ သူ့အားကိုချုပ်တည်းထားတာမို့ သိပ်နာကျင်လှခြင်းမရှိ။ သို့သော် ငယ်ငယ်ကတည်းက အရိုက်ခံရသည့်အကျင့်ရှိနေတာမို့ ဝမ်ချောင်က ရှဲ့ကျူရှင်းလက် သူ့အသားကို မထိခင်အချိန်ကတည်းက အရမ်းနာကျင်နေရသလိုအော်ငိုသည့်အကျင့်ရှိနေတာဖြစ်ပြီး ရှဲ့ကျူရှင်း သူ့ကိုရိုက်နေသည်က သူ့ကိုသဘောကျလို့ဆိုသည့်အကြောင်းကို ပြန်တွေးမိချိန်တိုင်း သူ့မှာ အော်ငိုချင်ယောင်ဆောင်ရင်း ပြုံးရယ်ချင်စိတ်ကို အောင့်အီးထားရလေသည်။

နှုတ်ခမ်းကိုတင်းတင်းစေ့ထားနိုင်သည့်ဒီလူသားအား သူ တကယ်ကြီး သဘောကျလွန်းရပါတော့သည်။

ရှဲ့ကျူရှင်းလည်း သူနှင့်ပတ်သတ်ပြီး ဘယ်လိုလုပ်ရမလဲတောင် မသိနေတော့။ သူက ကျိုးကြောင်းဆီလျော်အောင် ရှင်းပြလျှင်လည်း နားမထောင်။ ဘယ်အရာကမှ သူ၏အဓိပ္ပါယ်မရှိလှသည့် ပြန်ခံပြောချက်များကိုရပ်တန့်သွားအောင် မလုပ်နိုင်လှ။ ရိုက်ခြင်းကလည်း ခဏမျှသာဖြစ်ပြီး အနာပျောက်သည်နှင့် မေ့ပျောက်သွားသည်သာ။

နှလုံးမဲ့၊ အရှက်မဲ့လွန်းလှသည့် ကလေးဆိုးလေးတစ်ယောက်လိုပင်။

... အိပ်ရာပေါ်ရှိနေသည့်အချိန်ကလွဲလျှင်ပေါ့။ ထိုအချိန်တွင်တော့ မထိဘဲနှင့်တောင် ပြီးသွားတတ်သေးသည်။

နေ့ပိုင်းအချိန်များတွင်တော့ သူတို့တွေ ထုတ်ပြန်ချက်များပြုလုပ်လို့ အပြင်းအထန်လေ့ကျင့်ကြပြီး ညဘက် အိမ်ပြန်ရောက်လျှင်တော့ ဟိုဟိုဒီဒီလုပ်ဖြစ်ကြသည်သာ။ အမြဲတမ်း ငြိမ်းချမ်းလှသည်တော့မဟုတ်ပေမဲ့ ပြဿနာကြီးကြီးမားမားမျိုးလည်း မရှိနေခဲ့။

များမကြာခင်မှာပဲ စက်တင်ဘာလဝက်ထဲသို့ရောက်လာခဲ့ပြီး icedream ၏ ပထမဆုံး concert က သူတို့အဖွဲ့ ပွဲဦးထွက်တစ်နှစ်ပြည့်သည့်နေ့၌ ကျင်းပဖြစ်ခဲ့သည်။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now