ကျွမ့်သခင်ကြီး မျက်မှောင်ကြုတ်လိုက်သည်။ 
'အရင်တုန်းကတည်းက ဒီသမီးနဲ့ အဆင်မပြေသလို ခံစားခဲ့ရပေမယ့် အခုတော့ ပို​တောင် ဆိုးလာသလိုပဲ  သူမကို ထိန်းချုပ်နိုင်ပါ​တော့မလား'

ကျွမ့်သခင်ကြီးက စိတ်​လျှော့ပြီး ရှီရှန်းကို ကြည့်လိုက်သည်။
"ရှောင်ချုံ ငယ်ငယ်က အဖေ့ကို ပြောခဲ့တာကို မှတ်မိသေးလား"

ရှီရှန်း မတ်တတ်ထကာ ကျွမ့်သခင်ကြီးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ 

"ကျွန်မ မှတ်မိရင် ဘာလုပ်ရမလဲ မမှတ်မိရင်​ရော ဘာလုပ်ရမလဲ'

ကျွမ့်သခင်ကြီး၏ မျက်မှောင်ကြုတ်က ပိုနက်ရှိုင်းလာသည်။ 
"ရှောင်ချုံ မင်းရဲ့တာဝန်ကို မမေ့နဲ့"

ရှီရှန်း ၏ မျက်နှာပေါ်တွင် ညစ်ကျယ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ယွီ၀မ်ရှင်းကို ငတုံးလို့ တကယ်ထင်​နေတာလား သူက အ​ဖေ့ကို အစကတည်းက စောင့်ကြည့်နေတာ သူ ကျွန်မကိုလုပ်ပြီး ဘယ်လိုလုပ်ပြီးထိပါ့မလဲ"

"သူက အစကတည်းက သတိထားမိနေတယ်လို့ မင်းပြောတာလား"
ကျွမ့်သခင်ကြီးက အံ့သြသွားသည်။

"အင်းလေ နန်းတော်မှာ နှစ်အတော်ကြာအောင်​နေပြီးပြီ ကျွန်မ အသုံးမကျလို့ ကိုယ်ဝန်မဆောင်သေးတာလို့ အ​ဖေထင်​နေတာလား"

ကျွမ့်ချုံသည် ကိုယ်ဝန်ရရန် လုံလောက်​အောင် မကြိုးစားဟုသာ ကျွမ့်သခင်ကြီးက အမြဲထင်ခဲ့သည်။

ကျွမ့်သခင်ကြီး၏ အမူအရာက ဆိုးရွားသွားသည် ။  ယွီ၀မ်ရှင်းသည် သူ့ကို အစကတည်းက စောင့်ကြည့်နေမည်ဟု သူ မမျှော်လင့်ထားပေ။

တရားရုံးတွင်လည်း ကျွမ့်အိမ်​တော် ကို သတိထား​နေ​ကြောင်း အရိပ်အမြွက် မပြခဲ့ပေ။

'သူက ကျွမ့်ချုံ ကိုလည်း အများကြီး ဂရုစိုက်ခဲ့ပါတယ်... ဒါနဲ့ သူက ငါ့ကို ဘယ်တုန်းက စပြီး သတိထားမိသွားတာလဲ'

ကျွမ့်သခင်ကြီးငြိမ်သက်သွားသည်။
  "ပြီးခဲ့တဲ့ရက်အနည်းငယ်က ဘာဖြစ်ခဲ့တာလဲ"

ရှီရှန်း ပုခုံးတွန့်လိုက်သည်။  "တစ်စုံတစ်ယောက်က ကျွန်မကို ​ချောက်တွန်းတယ် နောက်တစ်ယောက်က အဲ့ဒါကို အခွင့်ကောင်းယူတယ် တော်တော်ရှုပ်​ထွေးတဲ့အ​ခြေအ​နေပဲ!"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now