"အရှင်မင်းကြီး ယွင်ကျဲယွီရဲ့ အမူအရာက သစ္စာဖောက်​နေတာပဲ!  အရှင် ဘာကိုစောင့်နေတာလဲ?" 

ရှူး​ဖေးက ဖြောင့်မတ်မှန်ကန်စွာ​ပြောလိုက်သည်။

ရှီရှန်း၏ မာနကြီးပြီး​မောက်မာ​သော အပြုအမူများက ယွီ၀မ်ရှင်းကို အမှန်တကယ် ဒေါသထွက်စေခဲ့သည်။
  "သူမကို ဖမ်းစမ်း!"

​တော်၀င်အစောင့်တွေက ချက်ချင်းနာခံပြီး သူမဆီကို တိုးလာကြသည်။  ရှီရှန်းသည် သူမ၏ spaceထဲမှ ထူးဆန်းသော ကျောက်တုံးတစ်ခုကို ယူပြီး ညင်သာစွာ ဆုပ်ကိုင်လိုက်ရာ မမြင်နိုင်သော စွမ်းအားတစ်ခု ​ပေါ်ထွက်လာခဲ့သည်။

'ငါ့မှာ ဓားမရှိဘူး... ဘယ်လိုလုပ်ပြီး ဒီ​ကောင်​တွေနဲ့ တိုက်နိုင်မှာလဲ'

တော်၀င်အစောင့်တွေအားလုံးက မမြင်ရတဲ့ အတားအဆီးကို တိုက်မိပြီး မူး​ဝေကုန်ကြသည်။သူတို့က ဘာတွေဖြစ်နေလဲ မသိကြပဲ  လက်ကိုဆန့်လိုက်သည့်အခါတွင်ပင် အတားအဆီး ကို မခံစားရပေ။ သို့ပေမယ့် ရှေ့ကို တစ်ကြိမ်​ပြေးလာဖို့ ကြိုးစားတဲ့အခါမှာတော့ တူညီသည့် တွန်းကန်အားကို ကြုံတွေ့ကြရပြန်သည်။

သူတို့ အကြီးအကျယ် အံသြသွားကြသည်။  'ဒါကဘာလဲ?'

"နတ်ဆိုး!!!…"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

ဤရှေးခေတ်အခြေအနေမျိုးတွင် နတ်ဆိုးများ၊ နတ်ဘုရားများကို ယုံကြည်ကြပြီး နတ်ဆိုးများနှင့် သရဲတစ္ဆေများမှာ အလွန်ကြောက်စရာကောင်းလှသည်။

တော်၀င်အစောင့်များသည် ရှီရှန်းအား လှပသောမိန်းမပျိုဟု မမြင်​တော့ဘဲ ခေါင်းသုံးလုံး၊ လက်ခြောက်ချောင်း၊ မျက်နှာစိမ်းနှင့် အစွယ်များပါသော ရွံရှာဖွယ်ရာ မိစ္ဆာမကဲ့လို  ကြောက်ရွံ့စွာ ကြည့်​နေကြသည်။

ရှီရှန်း မျက်လုံးပြူးသွားသည်။

  'နင့်ရဲ့ဘိုး​အေကို နတ်ဆိုး!  ငါက ဘယ်နတ်ဆိုးနဲ့တူ​နေလို့လဲ'

"လူကြီးမင်းမင် မြန်မြန်လာ!"
တစ်စုံတစ်ယောက်က မင်ကျင့်ကို လှမ်းခေါ်သည်။ 
"ဒီ ယွင်ကျဲယွီ က ပုံမှန်​မဟုတ်​ဘူး!"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now