"ဘာလို့လဲဆိုတော့ သူက မင်းရဲ့အားနည်းချက်မို့လို့ပဲ" 

ရှီရှန်းသည် သူမ၏ လက်ကို ဖြေလျှော့လိုက်ပြီး ရှောင်​ဟေး ကို အသက်ရှုခွင့်ပေးလိုက်သည်။

"ဒါကြောင့် သူတို့က မင်းရဲ့ကံကြမ္မာကို လွယ်လွယ်နဲ့ ခြယ်လှယ်လို့ရတယ်"

ရှီရှန်း၏ မျက်လုံးများက ပြုံးကာ ကွေးညွတ်သွားကြသည်။
"အခြားသူ​တွေနဲ့ ယှဉ်ရင် ငါ့မှာ ဆုံးရှုံးစရာ ဘာမှမရှိဘူး ဘာကို ကြောက်ရမှာလဲ ငါက သေရမှာကိုလည်း မကြောက်ဘူး သူတို့ကလည်း ငါ့ကို နိုင်မှာမဟုတ်ဘူး"

'ဒါပေမယ့်... မင်းမျိုးနွယ်စုက​ရော!'

"ငါသူတို့ကိုလည်း ဂရုမစိုက်ဘူး" 

ရှီရှန်းက ရှောင်​ဟေး၏အတွေးကို သိ​နေပုံရပြီး တစ်ခုပြီးတစ်ခု​ပြော​နေခဲ့သည်။

သူမသည် ကျွင်းအိမ်​တော်ကို အမှန်တကယ်ဂရုမစိုက်သောကြောင့် ၎င်းတို့ အသက်ရှင်သည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ သူမကိုမသက်​ရောက်ပေ။

"ငါ့မောင်​လေးကို ကယ်မှာလား" 
ရှောင်​ဟေး က တိုးညှင်းစွာ​ပြောလိုက်သည်။

"မကယ်ဘူး"

ရှောင်​ဟေး၏ မျက်လုံးများတွင် စိတ်ပျက်မှုများ ပေါ်လာခဲ့​လေသည်။

"ဘာလို့လဲဆို​တော့ သူ​က သေ​ပြီး​နေပြီ​လေ"  ရှီရှန်းက ရွှီးရွှမ်းလိုက်သည်။

ရှောင်​ဟေး၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ 
"မင်း လိမ်နေတာ မင်းဘယ်လိုလုပ်သိမှာလဲ"

"ငါက ကျွမ့်မျိုးရိုးပါ"

ရှောင်​ဟေးရဲ့မျက်နှာတွင် ​မျှော်လင့်ချက်လုံး၀ မရှိ​တော့​ပေ။

"လက်စားချေချင်လား?"

ရှီရှန်း သည် ပေါ့ပေါ့ပါးပါးရယ်မောကာ ​ပြောလိုက်သည်။ သူမက ငရဲမှ တွားထွက်လာသော နတ်ဆိုးတစ်ကောင်လိုပင် ​ချောက်ကမ်းပါးအစွန်း၌ ရပ်နေသောသူများကို တွင်းနက်ကြီးထဲသို့ ခုန်ချသွားစေရန် သွေးဆောင်​နေလေသည်။

" မင်းကို ဘယ်သူက အမိန့်​ပေးခဲ့လဲ ပြောပါ"

ရှောင်​ဟေးက မောဟိုက်နေပြီး ရှုဖေးဘက်ကို လှည့်ကြည့်ဖို့ ရုန်းကန်နေရသည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now