လွီ​ရော့၏ စိတ်ထဲတွင် ကဗျာတစ်ပုဒ် မ​ပေါ်လာပဲ  မ​နေနိုင်ပေ။

'အလှည့်
အပြုံး
ကျက်သရေတစ်ရာ
နန်း​ဆောင်​ခြောက်ခုအတွင်း
အခြားပန်းများကိုပင် ​
မှေးမှိန်​စေ​သော် '

(TN/ နန်း​တော်တစ်ခုလုံးထဲမှာရှိတဲ့ မိန်းမလှ​တွေကို​တောင် ​မှေးမှိန်သွား​စေ​အောင် ကျွမ့်ချုံက လှပလွန်းတယ် လို့ ဆိုလိုတာပါ)

သူမ မှင်သက်နေစဉ် ရှီရှန်း သူမ​ဘေးကိုဖြတ်သွား​သောအခါ နှလုံးသားထဲသို့ပင် စိမ့်ဝင်လုနီး လတ်ဆတ်သော ရနံ့တစ်ခုက သင်းပျံ့လာ​​လေသည်။

ယွီ၀မ်ရှင်းက ရှူး​ဖေးကို သူ့​ဝေါယာဥ်ဆီ ခေါ်သွားပြီး  ရှီရှန်း ရောက်လာသောအခါ၊ အ​စေခံများကို ထွက်ခွာရန်အမိန့်​ပေးလိုက်သည်။

ရှီရှန်း "... "
'ဒါဘာသ​ဘောလဲ ဟမ်  နင်က ငါ​လေးကို ခြေကျင်လိုက်စေချင်တာလား နင့်ကိုယ်နင် ဧကရာဇ်မင်းဖြစ်လို့ဆိုပြီး အရမ်းတော်​နေပြီး ထင်မ​နေနဲ့!'

ရှီရှန်းက သူမအတွက် နောက်ထပ် ​ဝေါယာဥ်တစ်ခုယူလာဖို့ အမိန့်​ပေးလိုက်သည်။

"အိုက်ယား…"မိန်းမစိုးငယ်က ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
  'ဘုရင်မင်းမြတ်က ကွေ့​ဖေးမယ်မယ် ကို ခြေကျင်လျှောက်ခိုင်းဖို့ ရည်ရွယ်ထားတာအသိသာကြီး'

"​ထောင်ချင်း မင်းသွားစီစဥ်လိုက်"  ရှီရှန်း က အမိန့်ပေးလိုက်သည်။

ထောင်ချင်းက ခပ်လှမ်းလှမ်းမှထွက်ခွာသွားပြီဖြစ်သော ဘုရင်မင်းမြတ်၏​ဝေါယာဥ်ကို ကြည့်လိုက်ပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်ကဲ့"

ယွီ၀မ်ရှင်း၏အမူအရာက အလွန်ကြောက်စရာကောင်း​နေသည်။

"သူမက ကိုယ်​တော့်ကို မျက်လုံးထဲမှာ ထည့်ထားသေးရဲ့လား" 

ယွီ၀မ်ရှင်းက အံကြိတ်ထားရင်းပြောလိုက်သည်။

နောက်မှလိုက်နေသော သဲ့ကုန်းကုန်းက ယွီ၀မ်ရှင်းသည် သူ့ကိုယ်သူ စကားပြောနေသလား မသိတာကြောင့် ဒီ​မေးခွန်းကို မ​ဖြေရဲ​ပေ။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now